*•Chapter One•*

20.1K 1K 23
                                    


°•BELONGS TO•°
*•Chapter One•*
ChanBaek BaekYeol
Yaoi

BaekHyun's pov :

ညတုန်းက ခေါင်းအုံးနားမှာ ထား,ထားသော်လည်း မနက်လင်းသောအခါ ခါးလယ်လောက်နားတွင် ရှိနေသော ဖုန်းကလေးဆီမှ တီးလုံးသံတချို့ ထွက်ပေါ်လာချိန်မှာပင်..

မိမိခြေထောက်ကို အသာဆွဲလှုပ်နေသည်ကို ခံစားရသောကြောင့် ကျွန်တော် အိပ်ချင်မူးတူးဖြင့် ထထိုင်လိုက်ရသည်။

"ထတော့ BaekHyunee… ကျောင်းသွားရမယ်"

နှစ်ထပ်ကုတင်ဖြစ်သည်မို့ ကျွန်တော်က အပေါ်ထပ်မှာ အိပ်ရသောကြောင့် Omma က အောက်ကနေ ကျွန်တော့်ခြေထောက်ကို ဆွဲ၍ လှုပ်နှိုးခြင်းဖြစ်သည်။

Omma က နှိုးစရာရှိတာနှိုးပြီး အခန်းထဲမှ ပြန်လည်ထွက်ခွာသွားကာ ထမင်းဟင်းချက်ဖို့ မီးဖိုချောင်ထဲ ဝင်သွားလေပြီ။

ဖုန်းကလေးကို ဆွဲယူကာ alarm ပိတ်လိုက်ပြီး အချိန်ကို တစ်ချက်ကြည့်လိုက်သော် ခုနစ်နာရီခွဲ..

အရင်နေ့တွေတုန်းက ဒီအချိန် ဘယ်တုန်းကမှ ထဖူးတာ  မဟုတ်.. အနည်းဆုံးအိပ် မနက်ဆယ်နာရီအထိ.. တစ်ခါတလေ အပြင်လေးဘာလေး သွားစရာ ရှိမှ ကိုးနာရီလောက် ထတတ်တာ။

ခုက မထလို့ မရဘူးလေ.. ကျွန်တော့်ရဲ့ အိပ်ရေးဝဝ အိပ်ရမယ့် နေ့ရက်လေးတွေ နောက် သုံးလေးလလောက်ထိ ပျောက်ဆုံးသွားဦးမှာ။

ကျောင်းပြန်ဖွင့်ပြီးကိုး..
ကျောင်းဆိုလို့ အထက်တန်းကျောင်းတော့ မဟုတ်..

အမည်က BaekHyun
မျိုးရိုးက Byun
အသက်က နှစ်ဆယ့်တစ်နှစ်
ကွန်ပျူတာသိပ္ပံ ဒုတိယနှစ်ကျောင်းသား။

ဒုတိယနှစ်.. အင်း ပထမနှစ်ကို စာမကျက်ပဲ သာသာယာယာ ကျော်ဖြတ်ခဲ့ပြီး အောင်စာရင်း ထွက်ခါနီးမှ ဖင်တုန်အောင် ကြောက်.. အောင်လာလို့ တော်သေး၏။

ခု ဒုတိယနှစ် စတက်ရတော့မည်..
ကျောင်းကတော့ တက်ချင်သလိုလို မတက်ချင်သလိုလို
ကျောင်းပိတ်ထားတာ ကြာတော့လည်း တက်ရမှာ ပျင်းနေသလိုပဲ~

°•Belongs To•°Where stories live. Discover now