"ငါဟာ အရမ်းနုံအသူ :ငါဟာ ငါ့နှလုံးသားရဲ့
အလိုကို ရူးမိုက်စွာ မသိကျေးကျွန်ပြုခဲ့မိသူ:
~~~~~~~~~~~~~®®~~~~~~~~~~~~~~~
တုန်ရီနေတဲ့နှလုံးသားနေရာလေးကိုမှန်းကာ
ရင်ဘတ်ကို လက်နဲ့ဖိထားရင်း အသက်ဝအောင်
ရှုရင်းဖြင့် ကျလုနီးပါး မျက်ရည်တို့ကိုထိန်းကာ
အောက်နှုတ်ခမ်းကို ခပ်နာနာဖိကိုက်ထားမိ
သည်။
"သား ! လုဟန်ဆီခဏသွားလိုက်ပါဦးလား"
အခန်းထဲဝင်လာပြီး ပြောလိုက်တဲ့မာမီစကား
ကြောင့် သူထိတ်လန့်ကာ အိပ်နေရာက ထထိုင်
လိုက်မိသည်။
"လု လုဟန် ဘာဖြစ်လို့လဲမာမီ"
"လုဟန်ဘာမှမဖြစ်ပါဘူးသားရယ်±ဒီနေ့သူ့ဒယ်ဒီက အလုပ်ကိစ္စနဲ့ခရီးထွက်သွားတာမို့ သူတ
ယောက်ထဲဖြစ်နေမှာလေ"
အဲ့တော့မှ သူသက်ပြင်းချနိုင်တော့သည်။တခုခု
များဖြစ်လားဆိုပြီး သူရင်ထိတ်သွားမိတာအမှန်။
ဒီနေ့ကိစ္စကြောင့် မျက်နှာချင်းမဆိုင်ဝံ့ပေမဲ့ သူ
တယောက်ထဲဆိုတဲ့အသိကြောင့် သွားချင်မိ
သည်။ လုဟန်က တယောက်ထဲမှ သိပ်မနေ
တတ်တာလေ။
"ဟုတ်မာမီ! သား ခဏနေသွားလိုက်မယ်"
မာမီက သူ့ခေါင်းကို ဖွဖွလေးတချက်ပုတ်ကာ
ထွက်သွားတော့မှ လုဟန်ဆီသွားသို့သူ
စိတ်ဆုံးဖြတ်လိုက်သည်။
ပေါ့ပေါ့ပါးပါး ဂျင်းဒူးဖုံးလေးနဲ့ အပေါ်က ရှပ်အဖြူလက်ရှည်လေးကို တံတောင်ထိခေါက်
တင်လိုက်ကာ လုဟန်ဆီ သို့ခြေလှမ်းတွေက
အိမ်ချင်းက မနီးမဝေးမို့ တယောက်ထဲလမ်း
လျှောက်ထွက်လာခဲ့သည်။
အိမ်ထဲဝင်လိုက်သည်နှင့် ပထမဦးဆုံးတွေ့
လိုက်ရသည်က ဦးလေးဂင် ရဲ့မျက်ယွင်းနေတဲ့
မျက်နှာ
ဦးလေးဂင်ဆိုသူက လုဟန်ကိုငယ်ငယ်ထဲက
ထိန်းကျောင်းလာခဲ့သူ
"ဦးလေးဂင်! လုဟန်ရော"
သူ့အသံကြားတော့ဦးလေးဂင်က ကယ်တင်ရှင်
ရောက်လာသလို မျက်နှာထားမျိုးနဲ့
ဘေးက တရှုံ့ရှုံ့ငိုနေသလိုအသံကြောင့် ကြည့်
လိုက်တော့ အိမ်ဖော်မလေးတစ်ဦး
"မင်ဆော့လေး!!"
"ဦးလေးဂင်! သူက ဘာတွေဖြစ်နေတာလဲ"
YOU ARE READING
IF
Fanfictionတကယ်လို့သာ မင်းသဘောအတိုင်း ငါမနေခဲ့ရင် မင်းစွန့်ပစ်တော့မှာလား တကယ်လို့သာ မင်းအလိုကျအတိုင်း ငါမဖြစ်လာခဲ့ရင် မင်းမုန်းသွားမှာလား တကယ်လို့သာ......? #XIUHAN Fic
