part~6

1K 125 4
                                        

ငါ ခံစားမိလာပြီ ငါ့နှလုံးသားရဲ့ ခုန်နှုန်းလေးတွေ
ကို: ငါ အရိပ်အမြွတ်လောက်တော့ သိလာခဲ့ပြီ

~~~~~~~~~~~~~~®®~~~~~~~~~~~~~~

လမ်းမကြီးပေါ်မှာ တရိပ်ရိပ်ပြေးနေတဲ့ကားတစီး
စကားစတွေရှာလို့မရအောင် တိတ်ဆိတ်မှုတွေ
ကဖုံးလွှမ်းထားသည်။

ကားမှန်ကနေ တဆင့်အပြင်ဘက် မြင်ကွင်းတွေ
ကိုကြည့်ပြီး သူအတွေးနယ်ချဲ့ကာ လိုက်ပါလာ
သည်။ ဘေးက ကားမောင်းနေတဲ့သူ့ဆီက
ဘာသံမှပင်မကြား စူးစူးစိုက်စိုက်နားထောင်
ကြည့်မှသာ အသက်ရှုသံလေးသဲ့သဲ့လောက်
တော့ ကြားရတတ်သည်။

ကားက ကျောင်းဝန်းထဲ ရောက်လာသည့်အထိ
သူတို့၂ဦးက တိတ်ဆိတ်လျက်။။

"မင်ဆော့ ! မင်း ချန်းကိုစောင့်ဦးမှာမလား?"

သူ ခေါင်းညိမ့်ရခက် ခေါင်းခါပြရခက်နှင့်။ မနေ့
က စောင့်မယ်လို့အပြောကောင်းမှုကြောင့်
လုဟန် အရွဲ့တိုက်မှုကို ကောင်းကောင်းကြီးခံ
လိုက်ရသေးသည်လေ။

"ငါ..ငါ မစောင့် °"

"စောင့်ချင်ရင်စောင့်×ငါပါ ကူစောင့်ပေးမယ်"

သူ့စကားကြောင့် အံ့သြသွားမိသည်။ ထူးထူး
ဆန်းဆန်း စိတ်မဆိုးတဲ့အပြင် သူပါကူစောင့်
ပေးမည်တဲ့လေ။
လုဟန်ကတော့ ကားကိုမှီကာ လေတချွန်ချွန်
နှင့် ဟိုငေး ဒီငေး လုပ်နေလေရဲ့။

ခဏအကြာ ချန်းကား ကျောင်းထဲဝင်လာတော့
သည်။

"မင်ဆော့! စောင့်နေတာ ကြာပြီလား"

"မကြာသေးပါဘူး "

ချန်းက အနားရောက်ရောက်ချင်းပင် မင်ဆော့ပု
ခုံးပေါ် လက်တဖက်တင်ကာ ဖက်လိုက်တာ
ကြောင့် လုဟန် မျက်မှောင်ကျုံ့မိသွားလေရဲ့
<ဒါ ဘယ်လိုအနေအထားမျိုးလဲ>

"ရောက်ပြီဆိုလဲ သွားရအောင် စကားများလွန်း
တယ်"

အရင်ထဲက ချန်းကို ကြည့်မရသူမို့ စကားနဲ့ပင်
နာအောင် ပြောကာ ရှေ့ကနေ သွားနှင့်လိုက်
သည်။

IFDonde viven las historias. Descúbrelo ahora