Page || 5

7.2K 671 58
                                    


//အားပါးပါး လေးလိုက်တာ လဒရယ်//

အမူးလွန်ကာ အိပ်ပျော်နေသည့် Sehunကို
ချီမဖို့ရာလဲ Luhan မစွမ်းသာသည်မို့ ဂျိုင်းအောက်ကနေ ဆွဲမထူရင်းသာ တလှမ်းချင်း
လှမ်းနေရသည်

//Lu……Han//

//ဟေ့ကောင် သတိနည်းနည်းရှိသေးတယ်မလား
ငါ မင်းကိုယ်ကြီးမနိုင်ဘူးဟ //

//အင်းးးးး…//

ထောက်ခံသလိုလို နားထောင်သလိုလိုနဲ့
ခေါင်းတဆတ်ဆတ်ညိမ့်ပြပြီး ရှေ့ကိုယိုင်ထွက်
သွားပြန်တော့ Luhan လိုက်ဆွဲဖမ်းရသေး
သည်

လှေကားထစ်သိပ်မများ၍သာတော်တော့၏

Sehunကိုယ်ကြီးကိုသယ်ရင်း တထစ်ချင်းလှမ်း
တက်နေရသည်မှာ Luhan မူးနေတာလေးများ
ဘယ်ရောက်သွားမှန်းပင်မသိခဲ့

ဘုန်း~~•

//ဟူးးး…တော်တော်လေးတဲ့ကောင်//

အခန်းထဲလျှောလျှောရှုရှုရောက်သွားကာမှ အနှီကောင်ကို ကုတင်ပေါ်ပစ်ချပြီး Luhan
အသက်ဝဝရှုရတော့သည်

//အင်းး……//

မျက်နှာသစ်ရန် ရေချိုးခန်းထဲဝင်မည်ပြင်တော့
မသင်္ကာဖွယ် ညည်းသံသဲ့သဲ့က Luhan့ခေါင်း
နပန်းများကြီးသွားစေသည်

//ဟာာာ ဟေ့ကောင် //

လှဲနေရာမှနေ ငုတ်တုတ်ကြီးထထိုင်ကာ ရှပ်အင်္ကျီကြယ်သီးကိုတလုံးချင်းဖြုတ်နေသည့်
Sehun!!!

Luhanတားရန်ပြင်တော့လဲ Luhan့လက်ကို
ဆွဲကိုင်ကာ

//Lu…Hanအာ ငါအိုက်လို့ ဒီအဝတ်အစားတွေ
……အော့ ကူချွတ်ပေးပါလား//

သူ့ပဲကူချွတ်ပေးရဦးမယ်တဲ့ ဘုရား ဘုရား
Oh Sehunတစ်ယောက် Luhan့ကို ကောင်းကောင်းကြီးဒုက္ခပေးနေပါပြီ

//Se…sehun မင်းမူးနေပြီ အိပ်တော့ အိုက်လို့လား ငါ air conဖွင့်ပေးမယ်//

//မလိုဘူးးးဆို ရားးး အင်္ကျီချွတ်ပေးပါဆို//

Luhan့လက္ကိုဆတ္ကနဲဆြဲကိုင္ကာ အက်ႋီ
ကြယ်သီးများပေါ် တင်ပေးလိုက်တော့Luhan
ပြန်ရုန်းသည် ဒါပေမဲ့ Sehunကအလွတ်မပေး

//Oh Sehun ငြိမ်ငြိမ်နေ အိပ်တော့//

မူးနေသူ၏အားကို မရုန်းနိုင်သည်မှာ ရာဇဝင်ရိုင်း
လှသော်လည်း Luhanမရုန်းနိုင်တာတော့ အမှန်ပဲ

I Love You With All My HeartWhere stories live. Discover now