Page || 15 (Finale)

8.6K 734 111
                                    


အသိစိတ်တို့သည် ဝေဝါးသွားခဲ့ပြီထင်သည်
ချောက်နက်ကြီးထဲတွန်းချခံလိုက်ရသလိုမို့
ကြောက်အားလန့်အား တွန်းတက်မည်ပြင်ပါ
သော်လည်း လက်ကမ်းခေါ်ယူပေးမည့်သူရှိမနေ
ခဲ့……ဝေ့အိုင်လာခဲ့သည့်မျက်ရည်ကြည်များ
ကြောင့် အမြင်အာရုံတို့သည်ရှင်းလင်းမနေ
တော့သည့်အခါ Luhan့ဘက်သို့စောင်းငဲ့
ကြည့်ဖို့ရာလည်း အာရုံမရပါ

မေးခွန်းပေါင်းများစွာတိုးထွက်လာသော်လည်း
လည်ချောင်းဝမှာပင် ပိတ်ဆို့ခံလိုက်ရသော
ကြောင့် Sehun အငြိမ်သက်ဆုံးအနေအထား
ဖြင့်ထိုင်နေရုံမှလွဲ ဘာမှမလုပ်နိုင်ခဲ့ပြန်

//မဖြစ်နိုင်ဘူး Luhan ငါတို့မျိုးရိုးမှာ
အိမ်ထောင်ပျက် အိမ်ထောင်ကွဲမရှိဘူး//

//ကျနော်တို့ကတော့ ကွာရှင်းမှဖြစ်မှာပဲ PaPa//

တော်ပါတော့ တော်လိုက်စမ်းပါတော့
Luhanရယ်စကားတခွန်းတည်းနဲ့ငါ့ကို
ိုဘယ်နှခါသေစေချင်သလဲ???

ဘာစကားတခွန်းမှဝင်မပြောသည့်Sehunနှင့်
အတင်းအကျပ်ကွာရှင်းမည်ပြောနေသော
Luhanကြောင့် မိဘနှစ်ပါးသည် ဒေါသဖြင့် ပူပန်မှုတို့ဖြင့်စကားတို့များကာအခြေအနေတို့တင်းမာလှသည်

အမှန်တော့ အကြောင်းပြချက်ရေရေရာရာမပေး
ပါပဲကွာရှင်းမည်တွင်တွင်ပြောနေသည့်Luhan
ကြောင့်Sehunခြေကုန်လက်ပမ်းကျလှပြီဖြစ်ပါ
သည်~ထို့ကြောင့်လဲ မိဘနှစ်ပါးစကားတို့ကို
လျစ်လျူရှုကာ Sehunလက်ကိုဆွဲလို့ အိမ်ပြင်သို့
ထွက်လာသည့်Luhan့နောက် အသိစိတ်မဲ့သူ
အလားလိုက်သွားမိပြန်သည်

//အိမ်ပြန်တော့ Oh Sehun ငါ Paနဲ့Maကို
ပြေလည်အောင်ပြောလိုက်မယ် ကွာရှင်းစာချုပ်
လဲမကြာခင်ပို့ပေးလိုက်မယ်//

//ဘာလို့လဲ Luhan …… အရမ်းကြီးအရမ်း
ရုတ်တရတ်ဆန်လွန်းတော့ အရမ်းအဓိပ္ပာယ်
မရှိလွန်းတော့မင်းပြောတဲ့စကားတွေကိုငါ
နားမလည်တော့ဘူး Luhan//

အစီအစဉ်မကျ ကပေါက်တိကပေါက်ချာစကား
တို့ပြောဆိုမိလျက်Sehunခေါင်းကိုအဆက်
မပြတ်ခါယမ်းမိတော့သည်

ဝေးလွန်းလှသည် Luhanတစ်ယောက်သူ့မျက်စိ
ရှေ့မတ်တပ်ရပ်နေသည်ကိုပင် Sehunမှာဝေး
လွန်းလှသည်ထင်နေရပါသည်

I Love You With All My HeartWhere stories live. Discover now