Page || 10

6.7K 644 107
                                    


//ပြောလေ Luhan ဘာပြောမလို့လဲ//

Yi Fanထိုင်သွားခဲ့သောခုံတွင်ဝင်ထိုင်လိုက်
သည့်အခါSehunနှင့်Luhanသည် မျက်နှာချင်း
ဆိုင်အနေအထားဖြစ်သွားလေသည်။

ရေသန့်ဘူးငယ်ကိုလှည့်ပတ်ဆော့ကစားရင်း
Luhanခေါင်းကိုငုံ့ထားမိပြန်ပါသည်။

//ဟေ့ ဘာလို့ခေါင်းကိုစွတ်ငုံ့ထားတာလဲ
ဘာပြောမလို့လဲ ပြောလေ//

//အာ……အနားကိုအရမ်းကပ်မလာနဲ့လေ//

ငုံ့ထားသည့်မျက်နှာနားကို တိုးကပ်လာလျက်
မေးလေတော့ Luhanယောင်မှားစွာနောက်သို့
ဆုတ်မိသွားသည်။

ရယ်ရိပ်မြူးမြူးထင်ဟပ်နေသည့်Sehunအကြည့်
များက ဝန်ခံဖို့အားဖြစ်စေသလို နှင့် တွန့်ဆုတ်စေသလို ရှိသည်မို့ Luhanကိုယ်တိုင်
်မဝေခွဲတတ်တော့။

နောက်ဆုံး ပြုံးသယောင်ယောင်ရှိသည့် နှုတ်ခမ်း
ပါးပါးကြောင့် Luhan စိတ်ကိုတင်းထားလိုက်ပြီး

//SeHun ငါမင်းကို………//

🎵…………🎵

Phone screen၌ပေါ်နေသည့်နာမည်ကြောင့်
Luhan့ရင်တခုလုံးမွန်းကျပ်သွားခဲ့သည်

အတော်လေးစနောက်တတ်ပုံရသည့် ကံတရားပဲ
ဟုသတ်မှတ်မိရင်း Sehunကိုမကြည့်တော့ပဲ
ဖုန်းကိုဖွင့်လို့Luhanဖြေလိုက်ပါသည်

//ပြော Lulu••

မကြည့်ပေမဲ့ Luhanသိသည်က Sehunသူ့ကို
စိုက်ကြည့်နေသည်

လေးလံလွန်းလှသည့်သက်ပြင်းတို့ကိုချပစ်ရင်း
Luhanထိုင်နေရာမှထကာ Sehunနှင့်အလှမ်း
ဝေးရာခပ်လှမ်းလှမ်းနေရာသို့ သွားမိပါသည်

//ကိုလေး……••

//Lulu ခရီးကပြန်ရောက်ပြီလား••

//ဘေးနားမှာ ကို ရှိနေတယ်မလား••

ကို ဆိုသောနာမ်စားလေး ဘယ်သူ့ကိုရည်ညွှန်း
နေမှန်းသိနေသည့်အတွက်Luhan
ပြုံးလိုက်မိသည်

LuhanကSehunကိုမပိုင်သေးမှန်း သိသာစေ
သောနာမ်စားပေမို့

//အင်း ရှိနေတယ် Lulu ကိုလေး
ဖုန်းလွှဲပေးရမလား••

//ဟင့်အင်း သူLulu့ဖုန်းကိုမကိုင်ဘူး ကိုလေး
ခုလွှဲပေးလည်းသူပြောမယ်မထင်ဘူး••

I Love You With All My HeartOù les histoires vivent. Découvrez maintenant