ပထမပိုင်း

3.4K 177 0
                                    

ခမ်းနားကျယ်​ပြန့်​လှတဲ့ Wang စံအိမ်​​တော်​ဝင်း​အတွင်းအ​စေခံများ အလုပ်​သမားများ ပျားပန်းခတ်​မျှ လှုပ်​ရှား​နေကြသည် ​အလှူကြီး​ပေးရူ်​ ​ပျော်​ပွဲရွှင်​ပွဲ ကျင်းပရန်​​ ပြင်ဆင်​​နေကြခြင်းဖြစ်​သည်​​ မကြာခင်​ စံ​အိမ်​​တော်​ရဲ့ သခင်​​လေး Wang Lu Han ပညာ​တော်​သင်​ရာက ပြန်​လာ​တော့မည်​​လေ

Wang စံအိမ်​ဟုဆိုလျှင်​ သည်​နယ်​တဝှိုက်​ မသိသူမရှိ သူ​ဋ္ဌေးကြီးWang တည်​​ထောင်​ထားတဲ့
Tian Kong(ကောင်းကင်​)​အမည်​ရှိ ကုန်​ပစ္စည်း အာမခံပို့​ဆောင်​​ရေးလှုပ်​ငန်းအောင်​မြင်​မှုမှာ သည်​နယ်​ဝန်းကျင်​တွင်​သာမက မင်း​နေပြည်​​တော်​သို့ပင်​ ​ကျော်​ကြား​လေသည်

ကျွမ်းကျင်​တိုင်​ခိုက်​​ရေးသမားများ စိတ်​ချယုံကြည်​ရတဲ့ သစ္စာခံလူယုံများ​ကြောင့်​ ကုန်​ပစ္စည်းများ ပို့​ဆောင်​သည့်​အခါ အပျက်​အစီးအ​ပျောက်​ရှမရှိ သူခိုးဓားပြ ရန်​ပူရန်​မလို လိုရာခရီးအ​ရောက်​ပို့​ဆောင်​နိုင်​​လေသည်
သို့​ကြောင့်​ သာမာန်​အရပ်​သားမှ မင်​မှုထမ်းအရာရှိကြီးများအထိ တန်​ဖိုးကြီးပစ္စည်းများ အ​ရေးကြီးပစ္စည်းပို့​ဆောင်​ရာတွင်​ ​ကောင်းကင်​အာမခံပို့​ဆောင်​​ရေးကိုသာ အားထားကြ​လေသည်

. . . . . . .

"Wu Shi Xun အဖွဲ့မှူးWu​ခေါ်​နေတယ်​"

"ဗျာ ဟုတ်​ကဲ့ လာပါပီ"

Wangစံအိမ်​အတွင်းပြင်​ဆင်​မှုများကို လိုက်​​ငေး​နေ​သောShi Xun ..​ခေါ်သံကြားမှအသိဝင်​လာသည်

ဦး​လေးWuက ...ဘာလို့​ခေါ်ပါလိမ့်​....
ကျုပ်​ရဲ့တစ်​ဦးတည်း​သော ​ဆွေမျိုးဦး​လေး Wu Yi Fanက သူ​ဋ္ဌေုးကြီးWangရဲ့ အားအထားရဆုံး  လူယုံတစ်​​ယောက်​ ​ကောင်းကင်​ အာမခံပို့​ဆောင်​​ရေးရဲ့ လုပ်​သက်​ကြာ  အဓိက အဖွဲ့မှုး​တွေထဲကတစ်​​ယောက်​ ရဲစွမ်းသတ္တိ အပြည့်​ တိုက်​ခိုက်​​ရေးကျွမ်းကျင်​တယ်​ တိကျပြတ်​သားတယ်​ သစ္စာ​စောင့်​သိတယ်

အ​ဖေတခုသားတခုကျုပ်​ကို ငါးနှစ်​သားအရွယ်​တည်းက အ​ဖေ့ဆီက​နေ​ခေါ်ထားပီး သူနဲ့အတူ​နေ​စေခဲ့တာ ကျုပ်​​ရှေ့​ရေးအတွက်​​ပေါ့ ​အ​ဖေက​တော့ ​တောစပ်​ကအိမ်​​လေးမှာပဲ​နေရင်း ကျုပ်​ထွက်​လာပီး နှစ်​နှစ်​အကြာမှာ ငှက်​ဖျားမိပီးဆုံးသွားခဲ့တယ်

❤မခှဲအတူ❤Where stories live. Discover now