Three

7.9K 718 22
                                    

အခန်းထဲက ကိစ္စဖြစ်ပီးတဲ့နောက်ပိုင်း ကျတော်နဲ့ သူနဲ့ ကြားထဲက ပြတ်လုဆဲဆဲ ကြိုးမျှင်ဟာ ဖြတ်စရာမလိုပါဘဲ ပျက်တောက်သွားခဲ့တယ်.......
Member တွေလည်း ကျတော် တို့ကြားထဲက အေးစက်သွားတဲ့ ဆက်ဆံရေးကို မြင်နေပေမယ့်လို့ ကျတော့်ကိုလည်း ဘာမှမမေးကြသလို Baek ကိုလည်း ဘာမှမပြောကြ.....
အငယ် ၂ ယောက်ဖြစ်တဲ့ SeHun နဲ့ JongDae တို့ကတော့ ကျတော့်ဘေးနားမှာ နေပီး အားပေးရှာပေမယ့်လို့ စုတ်ပြတ်သက် နေတဲ့ နှလုံးသားကို မျက်ကွယ်ပြုထားလို့မှ မရတာပဲ လေ.........

"ChanYeol-ya....."

"ဟင်....nae Hyung.....ဝင်ခဲ့လေ"

အခန်းထဲမှာ ဂစ်တာတီးရင်း ရေးလက်စ သီချင်း ဆက်ရေးနေတုန်း တံခါးခေါက်ပီး ဝင်လာတဲ့ Suho Hyung......

"ညစာလည်း ထွက်မစားဘူး....နေမကောင်းလို့လား?"

"Arrnyi Hyung ကောင်းပါတယ် ကျတော်စားချင်စိတ်မရှိလို့ရယ်....."

"Yeol-ya........"

"Nae Hyung......."

"မင်းပုံစံက ခုချက်ချင်းလဲသွားတော့မယ့်ပုံ ဖြစ်နေပီဆိုတာကောသိရဲ့လား?"

...................

"Hyung ကို ရင်ဖွင့်လို့ရတယ် ဆိုတာတော့ မင်းသိတယ်မလား ChanYeol? ပြောစရာရှိရင်ပြောပလိုက် ပေါက်ကွဲစရာရှိရင် ပေါက်ကွဲပလိုက် စမ်းပါ....တစ်ယောက်တည်း ကြိတ်မခံစားနဲ့ ပင်ပန်းတယ်....ဘေးနားကကြည့်နေရတဲ့ ငါတို့တောင် ပင်ပန်းတာ ကာယကံရှင် မင်းဆို ဘယ်လိုလုပ်မလဲ? ငါတို့တွေကြားထဲ ဟန်ဆောင်စရာမလိုဘူးလေကွာ....."

"ကျတော်...အဆင်ပြေပါတယ် Hyung....စိတ်မပူပါနဲ့ဗျာ......"

"တစ်နေ့ နေလို့ ထမင်းတစ်နပ်မှထွက်မစားတာ အဆင်ပြေတာလား? ညတိုင်း ဝရန်တာဖက် ထွက်ပီး ငိုနေတာ အဆင်ပြေတာလား? Fan တွေကိုင်ထားတဲ့ မင်းတို့ ၂ ယောက် Banner တွေမြင်တိုင်း မငိုမိအောင် ထိန်းနေတဲ့ မင်းပုံစံက အဆင်ပြေတာလား? ပြောစမ်း ChanYeol "

"သူ......သူ ပျော်....ပျော် နေ...တယ်လေ.....Hyung ရယ်......ကျတော် အဆင်ပြေပေးရမှာပေါ့.......သူ တောင် ပျော်နေသေးတာပဲ Hyung ရယ်........"

"ChanYeol-ya.........မင်းတို့ ၂ ယောက်လုံးကို ငါ့ညီအရင်းတွေလိုသဘောထားပေမယ့်လို့ ဒီကိစ္စမှာ ဘယ်သူ့ဖက်ဆိုတာထက် Hyung ကတော့ အားနည်းတဲ့သူဖက် နေပေးမယ်လို့ ဆုံးဖြတ်ထားတယ် ကျန်တဲ့ member တွေလည်းအတူတူပဲ.....Hyung ဆိုလိုတာ မင်းနားလည်တယ်မလား?"

Will you live for me?Where stories live. Discover now