Eight

10.4K 822 26
                                    

"EXO Next Door ထဲက Baekhyun လေးရဲ့ Beautiful OST လေးနားထောင်ပီး ဖတ်ရင် ပိုကောင်းတယ်လို့ နော်"

အဲ့ဒိနေ့က ကျတော်နဲ့ Chanyeol ကလွဲပီး ကျန်တဲ့ member တွေအကုန် New York Time Square ဆိုတာကြီးကို ရောက်သွားခဲ့ကြပါတယ်
ဘယ်နိုင်ငံရောက်ရောက် အခန်းအောင်းတတ်တဲ့ Kyung Soo တောင် ရောက်သွားခဲ့သေးတယ်
လေယာဉ်ပေါ်ရောက်တော့လည်း သူတို့တွေ့ခဲ့တာတွေ ဝယ်ခဲ့တာတွေ ထိုင်ပြောနေကြတာကို ကျတော့်မှာ ပါးစပ် အဟောင်းသားလေးနဲ့ ထိုင်နားထောင်ပေးရသေးတယ်

မသွားရလည်း ဘာဖြစ်လဲနော့်....Chanyeollie နဲ့ နည်းနည်းလောက် ပြန်အဆင်ပြေသွားပီပဲ ဘယ်မှ မသွားရလည်း ဘာမှ မဖြစ်ဘူး....လက်ကောက်ဝတ်လေးနာသွားတာတစ်ခုပါပဲ......

လေယာဉ်ပေါ်ကျတော့ Manager Hyung အမိန့်အတိုင်း ကိုယ့် Roommate နဲ့ကိုယ် တူတူထိုင်ရပြန်တာဆိုတော့ Yeol က ကျတော့်ဘေးရောက်လာပြန်ရော....
လေယာဉ် အလယ်တန်း လေးခုံတွဲ မှာ ကျတော်နဲ့ Chanyeol က တစ်တွဲ Sehun နဲ့ Suho hyung က တစ်တွဲ....

Hotel ခန်းထဲကထွက်လာကတည်းက တတွဲတွဲဖြစ်နေပေမယ့်လို့ Member တွေ့ရှေ့ရောက်ရင်တော့ Chanyeol က အချေကြီးတစ်လိုင်း ဖမ်းနေပြန်တယ်လေ...ဒါပေမယ့် အရင်ကလို ကျတော်နဲ့ဝေးတဲ့နေရာရွှေ့သွားတာတွေ ဘာတွေတော့မရှိတော့ပါဘူးလေ

"ပေး ပေး ငါ လုပ်ပေးမယ်....."

လေယာဉ်မယ်လာချပေးသွားတဲ့ ထမင်းဘူး ကို စားဖို့ လုပ်တော့ နာထားတဲ့ညာဖက်လက်ကောက်ဝတ်ကြောင့် ဘယ်လက်တစ်ဖက်ထဲနဲ့ အဖုံးဖွင့်တာ ဇွန်းကိုင်တာ လုပ်နေမိတာဆိုတော့ တော်တော်နဲ့ ခရီးက မရောက်...
ဘေးက သူကတော့ စားနေတာများ ကုန်တောင်ကုန်တော့မယ်...ဆေးစည်းထားတာတွေထိ လိုက်လုပ်ပေးထားတာဆိုတော့ ဒါတွေထိ ကူပေးနေရရင်လည်း အလုပ်မဟုတ်တာနဲ့ ကျတော့်ဘာသာပဲ ကြိုးစားလုပ်နေမိတာကို သူကြည့်နေရင်းစိတ်မရှည်ဖြစ်သွားတယ်ထင်ပါရဲ့....

"ဟ"

ကျတော့်ရှေ့စားပွဲပေါ်က ထမင်းဘူးကို ဆက်ခနဲ ဆွဲယူသွားပီး ဟင်းတွေထမင်းတွေထည့်ကာ ခွံကျွေးဖို့ပြင်နေတဲ့ သူ့ကြောင့် ကျတော့်မှာ အားကလည်းနာ သူငြိုငြင်သွားမှာကလည်းကြောက်.....

Will you live for me?Où les histoires vivent. Découvrez maintenant