Twenty One

6.2K 541 67
                                    

A.N ပြောပီးသားပေမယ့်လည်းထပ်ပြောပါရစေ This is just a fan-fiction ပါနော်

ဟိုးရှေ့အပိုင်းတွေက comment လေးတွေပြန်ဖတ်ရင်း " ဒါကိုဖတ်နေရင်းCB တောင်မ ship ချင်တော့ဘူး" ဆိုတာလေးကြောင့် တော်တော်ကြီးကို Hurt ဖြစ်သွားတယ်။
ကိုယ့်ကြောင့် သူတို့လေးတွေကိုထိခိုက်သွားမှာ သေမလောက်ကြောက်နေတဲ့ကြားက အဲ့လိုလေးတွေမြင်ရတော့ ဒီနားတင်ရပ်ပစ်ရမလားဆိုပီးစဉ်းစားနေခဲ့တာ။
CBX concert ကို Chanyeollie လေးနဲ့ Sehun လေးသွားကြည့်တဲ့ moment လေးတွေကြည့်ပီး ဒီအပိုင်းလေးရေးဖို့အားတွေပြန်ရှိလာတာ။
ကျတော်ကပျော်ပျော်နေတတ်ပါတယ်။ စိတ်ထိခိုက်လွယ်ပေမယ့် စိတ်ပြေတာလည်းလွယ်ပါတယ်
တစ်ခုပဲအနူးအညွတ်တောင်းဆိုချင်တာက ကျတော့်ရဲ့ ဒီ WYLFM ဆိုတဲ့ကလေးလေးကို Fan-fiction တစ်ခုအနေနဲ့ပဲ အားပေးမြတ်နိုးပေးကြပါနော်
ခုချိန်ထိ star လေးတွေ feedback လေးတွေတစ်ခုချင်းစီတိုင်းကိုကျေးဇူးထပ်ခါထပ်ခါတင်နေခဲ့တာပါ
I can't proceed without you, my vitamins Readernim.
Thank you so much & love you.

So , enjoy reading ပါနော်  

👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻
>>>>>>>>>>>>>>>>>>>



" Babe ဘယ်ချိန်လောက်ပြန်ရောက်မလဲ? "

" ခုပဲ shooting ပီးတာ Yeol... နောက် တစ်နာရီဝန်းကျင်ဆိုရောက်ပီ ဒါနဲ့ Yeol အသံကြီးကဘာဖြစ်နေတာလဲ? "

ဖုန်းစကိုင်လိုက်ကတည်းက ခပ်ဆတ်ဆတ်ဖြစ်နေတဲ့လေသံကြောင့် မေးလိုက်ခြင်းရယ်။ ပြန်စဉ်းစားကြည့်တော့ ဒီကြားထဲကိုယ်သူ့ကိုစိတ်ဆိုးအောင်လုပ်မိတာမရှိပါဘူးလေ ။

" Arrnyi ဘာမှမဖြစ်ဘူး....ဒါဆို မောင် Dorm ကနေပဲစောင့်နေမယ်နော် .....ပီးမှ ညစာအပြင်ထွက်စားမယ် "

တခါတလေ ကိုယ့်ကိုဆရာလုပ်ချင်ရင်တို့ member တွေရှေ့တို့ဆိုရင် "ကိုယ်" ဆိုတဲ့နာမ်စားကိုသုံးလေ့ရှိပီး သူဆိုးချင်တဲ့အချိန်တို့ ကျတော့်အပေါ်မဆိုစလောက်ကလေး စိတ်ခုနေတဲ့အချိန်တို့ ဘာအကြောင်းပြချက်မှရေရေရာရာမရှိပါဘဲ ကျတော်ချော့တာခံချင်တဲ့အချိန်တို့ အရှင်းဆုံးပြောရရင် ကျတော့်အပေါ်ကလေးကြီးတစ်ယောက်လိုလုပ်ချင်တဲ့ အချိန်မျိုးမှာ " မောင်" ဆိုတဲ့နာမ်စားကိုသုံးလေ့ရှိတယ်ဆိုတာ ပြန်ပြေလည်ပီး 2 လအတွင်းကောင်းကောင်းသိလာရတယ်။

Will you live for me?Where stories live. Discover now