I'm really Sad

7K 385 32
                                    

နောက်တစ်ပိုင်းအသစ်တင်ဖို့ လုပ်နေတုန်းမှာပဲ ကြားဖြတ် ဒီလိုကြီးတင်ရတာ တကယ်တောင်းပန်ပါတယ်နော်
ဒီ Fic ကို စ မ ရေးခင်ကတည်းက ဇာတ်လမ်းဇာတ်ကွက် အစ အဆုံး Plot တွေကို ကျတော့်ခေါင်းထဲမှာ အကုန်စီစဉ်ပီးသားပါ
စ ရေးကတည်းကလည်း ကျတော် တောင်းဆိုခဲ့ပါတယ် Fic ကို Fic လို့ပဲမြင်ပေးကြပါလို့လေ
ကျတော်ကိုယ်တိုင်လည်း Reader ဖြစ်ခဲ့သူမို့ အရေးအသားကောင်းရင်ကောင်းသလို တကယ်ကြီးကို ရင်ထဲနင့်နေအောင်ခံစားခဲ့ရဖူးပါတယ်
ဇာတ်လမ်းတစ်ခု ဖန်တီးရင် Main Cast တွေ Villain တွေနဲ့မှ ဇာတ်လမ်းက ပိုပီးအသက်ဝင်တယ်ဆိုတာလည်း Reader တွေ အားလုံးသိပီးသားဖြစ်မှာပါနော်
ဒီ Fic ရေးနေရင်း ကျတော်တကယ်ကြောက်လာမိတယ်
ပြန်ကြားရတဲ့ Feedback တွေထဲမှာ ကျတော်က Bias ချင်း မစာမနာ ဒီလိုတွေရေးနေတယ်ဆိုတာတွေ ပါလာတယ်ဗျာ
ကျတော် member အကုန်လုံးကို ချစ်ပါတယ်
Baekhyun bias မဟုတ်လို့ Baekhyun ကို ဒီလိုရေးနေရတာလုံးဝ လုံးဝ မဟုတ်ရပါဘူးဗျာ
အောင်မြင်ပြန်ရင်လဲ မကောင်းဘူးဆိုတာ တကယ်မှန်တာပဲဗျာ
Fic ကို အသက်ဝင်စေချင်လို့ ပုံ ယူသုံးလိုက်တာက သူများတွေကို ဒီလောက်ထိ ထိခိုက်သွားစေမယ်လို့ ကျတော် တကယ်မထင်ခဲ့မိတာ

ဒီ Fic ရေးတာ ကျတော့်အတွက် အကျိုးအမြတ်တစ်ခုမှ မရှိပါဘူး
ပိုက်ဆံလည်းတစ်ပြားမှ မရပါဘူး
ဒါပေမယ့် ကိုယ့်လို Fic ကြိုက်တတ်တဲ့သူတွေအတွက် ကောင်းကောင်းမွန်မွန် ဇာတ်လမ်းလေးတွေ ဖတ်စေချင်တဲ့ရည်ရွယ်ချက်လေးနဲ့ ဇာတ်အိမ်တည်ပီး Wattpad မှာ ရေးပီးတင်ပေးနေခဲ့တာပါ
ခရီးသွားတုန်းကဆို လိုင်းမတတ်တဲ့ကြားက အသည်းအသန် ရေးပီး တင်ပေး ခဲ့ဖူးတဲ့ထိ ကျတော့် Fic လေးတွေကိုကော Readernim တို့ကိုကော သံယောဇဉ်တော်တော်ကြီးပါတယ်ဗျာ
စေတနာ လေးကိုတော့ အသိအမှတ်ပြုစေချင်မိပါတယ် တကယ်ပါ
ဒိထက်တောင် Drama ဆန်တဲ့ Fic တွေအများကြီးရှိပါတယ်

ဒီ Fic လေးတွေက ကျတော့်ရဲ့ ကလေးလေးတွေလိုပါပဲဗျာ
ကျတော်တကယ်တန်ဖိုးထားတာပါ
အလုပ်မရှိလို့ Fic ထိုင်ရေးနေတာသူလည်းမဟုတ်ရပါဘူးဗျာ

Baekhyun bias များအားလုံးကို ကျတော် ဒီကနေ အနူးအညွှတ်တောင်းပန်ကြောင်း ပြောပါရစေ
AN ရေးတိုင်းလည်း အကြိမ်ကြိမ်တောင်းပန်ခဲ့ဖူးပါတယ်
မေ့ထားတဲ့ အတိတ်ဟောင်းကိုပြန်ဆွတာ မဟုတ်သလို စိတ်ထိခိုက်စေအောင် လုပ်ချင်တဲ့ ဆန္ဒ တစိုးတစိမှ မပါကြောင်းပါ

Fic ရေးတယ်ဆိုတာ ကျတော့် အတွက် Creation တစ်ခုပါ
ဘာအကျိုးမှ မျှော်ကိုးပီး ရေးနေတာ မဟုတ်တဲ့ အတွက် ကျေးဇူးပြုပီး မ Bash ကြပါနဲ့လားဗျာ
အနူးအညွှတ်တောင်းဆိုပါရစေ
ကျတော့်စိတ်ထဲမှာ Fic ကို အသက်ဝင်စေချင်တဲ့ ဆန္ဒလေးတစ်ခုပဲရှိခဲ့တာပါ
ဖတ်တဲ့သူ Reader အပေါင်း ခံစားချက်မျိုးစုံရအောင် ဘယ်လို Create လုပ်ရမလဲဆိုတာလေးပဲရှိခဲ့တာပါ

မစာမနာ မေ့ထားတဲ့ အတိတ်ကို ပြန်ဆွပေးရလောက်အောင်ထိ ကျတော် မယုတ်မာပါဘူးဗျာ
တကယ်တောင်းပန်ပါတယ်
အဲ့လောက်ထိ ထိခိုက်သွားစေမိခဲ့လို့ တကယ်တောင်းပန်ပါတယ်

I'm really sorry Guys.
I really didn't mean to hurt you like this.

Will you live for me?Where stories live. Discover now