-III-

667 90 16
                                    

INFERNO
-•}{•}{•}{-


'ဘာလို့ တစ်ခြား Dorm တွေနဲ့မတူပဲ
Hellhole Club ရဲ့ Dorm က ပိုခမ်းနားနေရတာလည်း'

Jimin သူ
Dorm ရဲ့ အပြင်ဘက် ဆင်ဝင်အောက်မှာ
ကြောင်တောင်တောင်လေး ရပ်နေမိသည်။
မှန်အမည်းတွေနဲ့အပြင်
နံရံ အလွှာတွေထပ်နေအောင်
ကာရံထားတဲ့အခန်းတွေထဲကို
သူရပ်နေရာကနေ တစ်ဖဝါးမှ မရွေ့ပဲ
လှမ်းကြည့်ဖို့ကြိုးစားလိုက်၏။
တစ်စုံ တစ်ယောက်ကိုများ
တွေ့လိုတွေ့ငြားဟူသည့်မျော်လင့်ချက်နှင့်.

အကြည့်တို့ကို အာရုံစူးစိုက်ကာ
အလုပ်ပေးလိုက်တော့
အရာအားလုံးကို ဖောက်ထွင်းမမြင်ခင်
Jimin ရဲ့မျက်ဝန်းတစ်စုံမှာ
ရွှေရောင် အရိပ်လေးဖြတ်ပြေးသွားသည်။

ထိုအခါ
သန့်ရှင်းတောက်ပြောင်နေသော
ပုံရိပ်ထဲက ဧည်ခန်းနဲ့အတူ
လူတစ်ရပ်စာ ရှိတဲ့ ပန်းအိုးတွေအပြင်
မီးဆိုင်းအကြီးကြီး တွေကို လှမ်းမြင်လိုက်ရ၏။

'ဧည်ခန်းထဲမှာ ဘယ်သူမှ မရှိပါလား'

ကြည့်ရင်းကြည့်ရင်း
တစ်ဆက်တည်းမှာပဲ
အောက်ထပ်က
အလွန်ရှုပ်ပွနေသောအခန်းတစ်ခုကို
မြင်လိုက်ရသည်။
အထဲက အဝတ်တွေက
ဟိုတွဲလောင်း ဒီတွဲလောင်းနှင့်။

နှစ်ယောက်စာ အိပ်ခန်းကျယ် တစ်ခု ။

သူဆက်ကြည့်နေရင်း
မျက်နှာကို ရှုံ့မဲ့လိုက်သည်။

'အဲ့အခန်းထဲမှာလည်း ဘယ်သူမှမရှိဘူးရော'

ဟင်း ။
သူစိတ်ပျက်စွာ ခေါင်းကိုခါရမ်းလိုက်ရင်း
ဘေးနားက မီးဖိုဆောင်ဟုထင်ရသည့်
အခန်းကျယ်ကို ဆက်ကြည့်ဖို့ပြင်လိုက်စဉ်မှာပဲ ။

'ရောက်တောင် ရောက်နေပြီကို'

'ဟမ်'

အနောက်ကနေ ၊ရုတ်တရက်ထွက်ပေါ်လာတဲ့အသံကြောင့်
ခွင့်ပြုချက်မရပဲ ခိုးကြောင်းခိုးဝှက်ကြည့်နေတဲ့၊သူ့အကြည့်တွေ  အလန့်တကြားနှင့်
ရုတ်ချည်းပျောက်ကွယ်သွားရသည်။

InfernoWhere stories live. Discover now