-VIII-

687 84 38
                                    

INFERNO
-•}{•}{•}{-





'အမောခံပြီးပြေးနေသေးတယ်...
ဒီလိုအခြေအနေမှာ၊မင်းရဲ့နှလုံးသားကပိုပြီးကြည့်လို့ကောင်းနေမှာမတွေးမိဘူးလား'

သစ်ပင်ချုံနွယ်တွေကြားမှာမှ၊နောက်ကိုတစ်လှမ်းခြင်းဆုတ်နိုင်သည့်အခွင့်အရေးပေးသည်ကိုတောင်၊ကျနော် နတ်ဘုရားတွေကိုကျေးဇူးမတင်နိုင်သည့်အခြေအနေဖြစ်နေသည်။

မောဟိုက်နေသောကြောင့်နိမ့်ချည်၊မြင့်ချည်ဖြစ်နေသောရင်ဘက်အစုံကိုလျစ်လျှုရှုကာ၊ပြေးထွက်နိုင်ဖို့အရေး၊ကျနော့မှာတကယ်ကိုအခက်တွေ့နေရ၏။

အကြောင်းရင်းက.....သူ..။
ကျနော့အရှေ့၊နည်းနည်းလှမ်းသည့်နေရာမှာသူကခြေစုံရပ်နေခဲ့ပြီး၊ကျနော့နှလုံးသားခိုအောင်းနေသည့်ဘယ်ဘက်ရင်အုံနားသို့၊နီရဲစူးတောက်နေသောမျက်ဝန်းတစ်စုံနှင့်ရည်ရွယ်ချက်ရှိစွာစိုက်ကြည့်နေခဲ့သည်လေ။

မြှားခေါ်ခြင်းခံရတာဖြစ်သည်။သူ့ညွှန့်ကွင်းထဲသို့၊ကျနော်ခြေစုံပစ်ဝင်သလိုဖြစ်သွားတာအမှန်အကန်ပင်ဖြစ်သည်။သေချာပေါက်လမ်းမှားနိုင်တဲ့တောမျက်ကြီးထဲမှာ၊ကျနော်ပြုလုပ်ထားခဲ့သောအမှတ်အသားများပျက်ယွင်းကုန်တာ၊လမ်းလွဲကုန်တာ၊ဘယ်လိုနတ်ဆိုးကများ၊သူကျနော့အားပစ်မှတ်ထားစေဖို့လမ်းညွန်ပေးခဲ့သည်လည်း။

ပြေးရင်းပြေးရင်း၊အဖြစ်အပျက်တွေကိုတွေးမိလို့၊ဒေါသသံအပြည့်နှင့်တောက်တစ်ချက်ခေါက်လိုက်တာ၊မုဆိုးအတွက်ခြေရာခံဖို့အရိပ်အမွတ်ပေးသလိုဖြစ်သွားခဲ့သည်။ဒါဆိုအခုကျနော်က၊သားကောင်ဖြစ်နေသည်လား။လွဲချော်မှုမရှိ၊အကွက်ချစီစဉ်ခဲ့သည့်အကြံအောင်မြင်လုအနီးမှာမှ၊Jeon JungKook ဆိုသည့်ကောင်၏ဖျတ်ဆီးပစ်လိုက်ခြင်းကိုကျနော်ဘယ်လိုပါရမီတွေနဲ့များအောင့်အီးသည်းခံနိုင်စွမ်းရှိခဲ့မည်လည်း။ခုဆိုရုပ်ပြောင်းရုပ်လွဲပညာနှင့်ကျနော်ကာကွယ်ဖုံးဖိထားပေးသောအကို့ဆီမှအစွမ်းတွေလည်းပျက်ဆီးကုန်ပြီ။ဖြစ်ရပ်မှန်များအားလုံးလည်းပေါ်ကုန်လောက်ပြီ။ဒါပေမဲ့သူတို့မရိပ်မိနိုင်သေးသည်က၊ကျနော်သည် MaCity၏အကြီးမားဆုံးသောသစ္စာဖောက် Lee Jungmin ၏ညီ။Lee Seungji ဖြစ်သည်ကိုပင်။

You've reached the end of published parts.

⏰ Last updated: Sep 02, 2019 ⏰

Add this story to your Library to get notified about new parts!

InfernoWhere stories live. Discover now