-VII-

477 72 11
                                    

INFERNO
-•}{•}{•}{-




Sky's Serpent အတန်းမှကျနော့အစားနေရာယူလိုက်သော Head နှင့်စကားပြောဆဲဖြစ်သည်။လေ့ကျင့်ရင်းကျနော့ကိုမြင်တော့သင်တန်းသားများအားလုံးကကြောင်ကာဝိုင်းကြည့်ကြ၏။Head တစ်ယောက်သာကျနော့ကိုမှတ်မိသည်။လက်မှရဲရဲတောက်နေသောမီးကိုငြိမ်းသက်လိုက်ပြီးကျနော့ကိုပြေးဖက်လာသောသူသည်ကျနော်ပြီးလျှင်အားအကြီးဆုံးသော Sky's Serpent ၏မျိုးဆက်ဖြစ်သည်။

'Namjoon ah..မတွေ့ရတာတောင်ကြာပြီ၊တစ်ချက်လေးတောင်လှည့်မလာဘူးနော်၊တကယ်နေနိုင်တယ်'

'ငါ့ကိုပဲပြောနေတယ်..မင်းလည်းငါ့ဆီလာနိုင်နေတာပဲ'

'ငါက...? Hell-hole Club ကို ?
တော်ပါပြီ Namjoon ရာ၊Min Yoongi ရဲ့မြင်ကွင်းကဆိုဝေးဝေးရှောင်တာအကောင်းဆုံးပဲမလား'

ရယ်မောရင်းပြောနေတော့ကျနော်လည်းအလိုက်သင့်လေးရယ်မောပေးလိုက်သည်။နည်းနည်းတော့စိတ်မသက်မသာဖြစ်ရ၏။သူတို့လည်း Yoongi အကြောင်းကြားသိနေလိမ့်မည်ဖြစ်သည်။ဒီကျောင်းကြီးတစ်ခုထဲYoongi ကြောင့်နှင့်မျက်နှာပူစရာကိစ္စတွေကတစ်ခုနှစ်ခုမှမဟုတ်ခဲ့ပဲ။ဒီနေ့မနက်တောင် Butterfly Club က Head နှင့်တွေ့ခဲ့ရသေးသည်။Mission ကိစ္စပြောတော့ကျနော့ကိုလှမ်းကြည့်နေသေး၏။

အတန်း၏အပြင်မှလေ့ကျင့်ကွင်းမှာပဲကျနော်တို့ရပ်စကားပြောဖြစ်ကြသည်။သင်တန်းသားများအကြောင်းပြောနေရင်းကျနော့ဖုန်းလေးက Ringtone သံလေးထမြည်လာတာမို့Contact Name ကြည့်လိုက်တော့Jin Hyung ဖြစ်နေ၏။ဒီအချိန်ကြီးဖုန်းတစ်ခါမှမဆက်ဖူးတာမို့စကားပြောနေရင်းခွင့်တောင်မတောင်းဖြစ်ပဲချက်ခြင်းဖွင့်ကိုင်လိုက်မိသည်။

' Hyung.... ဘာဖြစ်လို့လည်း? '

'Namjoon ah...မြန်မြန်..
မင်းအခု Dorm ကိုမြန်မြန်ပြန်လာလို့ရမလား...အခုချက်ခြင်း.Hyung..'

စကားမပြီးပျက်သေးခင်ကျနော်ဖုန်းကိုချပြီး
ကားလေးဆီအမြန်ပြေးသွားလိုက်သည်။
အနောက်မှ Head ရဲ့စကားသံကိုလည်း
ပြန်လည်ဖြေကြားနိုင်စွမ်းမရှိတော့ပဲ
Hyungရဲ့အလောတကြီးဆန်နေသော
အသံကိုသာကြားယောင်နေမိ၏။
Jin Hyung အသံကပုံမှန်လုံးဝမဟုတ်ပေ။
တောက်။ဘယ်သူကရန်လာစပြန်ပြီလည်း။
Hyung ကရောဘာလို့ဒီအချိန်ကြီး
Dorm ကိုရောက်နေရတာလည်း။
စိတ်ပူစွာနှင့်အမြန်ဆုံးမောင်းနှင်လာခဲ့ရာကျနော့ကားလေး၏အရှိန်ကိုမေ့လျော့နေခဲ့သည်။


InfernoWhere stories live. Discover now