-IV-

660 93 18
                                    

INFERNO
-•}{•}{•}{-



ဧည့်ခန်းထဲတွင်မြင်နေရသော
အခုလက်ရှိ ပုံရိပ်သည်..
ကျနော့ အတွေးအာရုံထဲတွင်
မနေ့တစ်နေ့က မြင်နေခဲ့ပြီးသော
ပုံရိပ်၏ တစ်ပိုင်းတစ်စ ဖြစ်သည်။
ကျနော် တက်ကြွစွာ ပြုံး၍ နှုတ်ဆက်လိုက်၏။

'ကျနော် နာမည် Park Jimin လို့ခေါ်ပါတယ်..'

'ကျနော်က Kim Taehyung'

Jimin ခါးကို ညွန့်၍ နှုတ်ဆက်နေရာမှ
ဘေးနားက Taehyung ကို
လှမ်းမော့ကြည့်လိုက်တော့ သူက
ခေါင်းတောင်တစ်လက်မ ပင်မရွေ့ပဲ
ကျောက်ရုပ်ကဲ့သို့ဖြစ်နေခဲ့သည်လေ။
ဒီကောင်လေး ဒီလိုပဲလား...
တမင်သက်သက်ပဲလား ..
လှုမှုရေးကျင့်ဝတ်ကို..
လုံးဝ နားမလည်ခဲ့သည်လား။
မနှုတ်ဆက်တတ်သည့်ပုံစံနှင့်
အရိုအသေ ပေးနေသည့် Jimin ကိုတောင်
ထူးဆန်းသလို ကြည့်နေခဲ့သေးသည်။

'ရတယ်Jimin Ah....
ထိုင်ပြီး နှုတ်ဆက်ကြပါလား..
အဲ့မှာ Taehyung ရောပဲ..
အဆင်ပြေသလို ထိုင်ကြ...
အဖွဲ့ဝင်အချင်းချင်း ကိုယ်တို့ သူငယ်ချင်းလိုပဲ ရင်းရင်းနှီးနှီးနေကြမယ်လေ...အိုကေ?'

'ဟုတ်..'

'ကိုယ့်နာမည်က Namjoon ..
Kim Namjoon ..
HellHole Club ရဲ့ Head အဖြစ်
RM လို့ပဲသိတာများပေမဲ့
မင်းတို့အဆင်ပြေသလိုခေါ်ပေါ့'

'ဟုတ်ကဲ့... Namjoon Hyung ...'

ဝိုင်းကာနေရာချထားတဲ့
ဆိုဖာ ကြီးများအလည်တွင်
ကြည်တောက်နေသည့် ဖန်စားပွဲတစ်လုံးက
ခေတ်ဆန်စွာ နေရာယူထားသည်။

ကျနော်နှင့် နှစ်ယောက်ထိုင်ခုံပေါ်တွင်
သက်တောင့် သက်သာ ထိုင်နေသူက ...
TaeHyung ဖြစ်ပြီး မျက်နှာချင်းဆိုင်တွင်တော့ ဟို အငယ်ဆုံးဆိုသည့် Jeon Jungkook နှင့် Hoseok Hyung တို့က အတူတူ ထိုင်နေကြ၏။

နောက်ထပ် ဘေးနေရာတွင်ရှိနေသည်မှာ
မည်သူ တစ်ဦးတစ်ယောက်မျှ ထိုင်နေခြင်းမရှိသည့် တစ်ယောက်ထိုင် ခပ်ကြီးကြီး ဆိုဖာတစ်လုံးဖြစ်၍

အော်..
ကြည့်လိုက်တော့လည်း
သေချာကိုစီစဉ်ထားသလိုပင်
ခုံအရေအတွက်က ခုနှစ်ယောက်စာ
ကွတ်တိဖြစ်နေသည်လေ။ကြိုသိနှင့်နေကြသည်လား..?
ကျနော်တို့လာမည်မှန်း....။

InfernoWhere stories live. Discover now