Episode - 14

5K 451 9
                                    

// Zawgyi //

မိုးလင်းလာတာနဲ့..ခါးပေါ်ကလေးလံတဲ့အရာကြောင့်...Taeအောက်ကိုငုံ့ကြည့်မိလိုက်သည်...လက်တစ်ဖက်....Jungkookပဲဖစ်မှာပေါ့...သူကဖက်အိပ်ရတာကြိုက်တဲ့သူလေ...သူဖယ်လိုက်ဖို့ကြိုးစားပေမယ့်..လက်ကိုရှေ့ကိုပိုမိုတိုး၍..တင်းတင်းဖက်ထားတာကြောင့်... မဖယ်ပဲထားလိုက်သည်...

ကျောပေးထရာကနေ kookဘက်ကိုလှည့်လိုက်သည်...
အိပ်နေရင်အလိုလို ဆူနေတဲ့နှုတ်ခမ်းလေး....
အိပ်မောကျနေတာကြောင့်..နှုတ်ခမ်းလေးက ဟစိဟစိနှင့်..ဒီကလေးပုံက အသည်းစရာပင်..

" Jungkook ah~ "

တိုးတိုးလေးခေါ်ကြည့်ပေမယ့်..နိုးမလာပေ..

" kookie ah~ "

နူးညံ့စွာခေါ်နေမိတဲ့သူ့နာမည်လေးကိုတော့...သူကကြားမယ်မထင်..

" Jeon Jung Kook!!! "

နောက်ဆုံးအော်လိုက်တဲ့အသံကြောင့် သူနိုးသွသည်..မျက်လုံးလေးကလယ်ကလယ်နှင့် အလိုမကျသလိုကြည့်ရင်း..

" hyung..အဲ့လိုခေါ်ရင်မုန်းတယ်!!အရင်လိုkookieပဲခေါ်ပါ.."

မိုးလင်းတာနဲ့ဆူပုတ်ပုတ်နှင့် အလိုမကျဖြစ်နေတဲ့ သူ့ကိုအရင်ကအခြေအနေအတိုင်းသာဆို ဖက်နမ်းမိမှာအမှန်ပင်...

ခုတော့...သူနဲ့ဝေးဝေးနေဖို့စီစဉ်ထားမိတယ်လေ..

" ကဲ..!!နောက်ကျနေပြီ...သွား...ရေချိုးလိုက် "

( .... )

ဆောင့်ဆောင့်အောင့်အောင့် ရေချိုးခန်းထဲဝင်သွားတဲ့သူ့ကြောင့်..အနည်းငယ်ပြုံးမိတာတော့အမှန်ပင်...

Kookရေချိုးနေတုန်း..သူjinဆီဖုန်းဆက်လိုက်သည်..သူတို့မတွေ့တာကြာပြီလေ...

ခဏခဏ...ခေါ်နေသော်လည်းဖုန်းမကိုင်ပေ....

Jinသူ့ဖုန်းကိုမကိုင်တာ ဒါပထမဆုံးပင်...အရင်ကတစ်အိမ်ထဲမှာတူတူနေပေမယ့်..အခုkookအိမ်ပြောင်းလာတော့...သူကမလိုက်ဘူးဟုငြင်းတာကြောင့်...သူ့ဘာသာအိမ်ငှါးနေသည်..အချိန်ပိုင်းအလုပ်နှင့်..အားရင်ကျွန်တော်နဲ့hoppieကလာကြည့်တတ်သော်လည်း...အခုတစ်လောမတွေ့ရတာအတော်ပင်ကြာနေလေသည်..ဖုန်းလဲမကိုင်လို့..တစ်ခုခုများဖြစ်လေသလားဟု စိုးရိမ်မိသည်...

𝙱𝚎𝚌𝚊𝚞𝚜𝚎 𝙾𝚏 𝚈𝚘𝚞 [ Completed ] Donde viven las historias. Descúbrelo ahora