Episode - 25

2.9K 202 14
                                    

// Zawgyi //

"" Oppa .. ""

"" hyung .. ""

"" Taehyung ahh ""

"" ahhh !!!!! ""

အမှောင်ထုထဲတွင်ရပ်နေသော သူ့အား တစ်ဘက်တစ်ချက်ဆီမှ လက်ကမ်းပေးနေသည့်
ညီမလေး.. , jungkook နဲ့ မေမေ

ညီမလေးကမ်းပေးတဲ့လက်ကို ကိုင်ခဲ့ရင်..
အရာရာကိုလက်လျှော့ပြီး.. ညီမလေးနဲ့အတူ ဟိုအဝေးဆုံးကိုထွက်သွားရမှာလား..

Jungkookကမ်းပေးတဲ့လက်ကို ကိုင်ခဲ့ရင်..
သူ့လိုမျိုး လူယုတ်မာ မကောင်းဆိုးဝါးတစ်ကောင်
ဖြစ်လာမှာလား..

မေမေ.. မေမေကမ်းပေးတဲ့လက်ကိုကိုင်ခဲ့ရင်..
ဘာဖြစ်မှာလဲ .. ၊ ဟုတ်တယ် .. ၊ အဖြေကမေမေပဲ..

မေမေနဲ့အတူတူဆိုရင် Jungkookကိုနာကျင်အောင်လုပ်နိုင်မယ်ထင်တယ်။
Jungkookကို ကလဲ့စားချေနိုင်မယ်ထင်တယ် ..

"" သား.. မနက်ဖြန်မေမေ ကားလွှတ်ပေးလိုက်မယ်၊
မေမေ့အနားမှာနေပေးမယ်မလား? ""

သူမ မပြန်ခင် တောင်းဆိုမှုတစ်ခု..
သူမ အနားမှာနေပေးရန်.. ၊

Taehyung ကုတင်ပေါ်ကနေ ပြတင်းပေါက်ကိုလှမ်းငေးလိုက်သည်.. ၊ တစ်စက်တစ်ပေါက်ကနေတစ်ဖွဲဖွဲရွာသွန်းနေသည့်မိုးစက်များက ပူလောင်နေတဲ့ရင်ခွင်ကိုမငြိမ်းပေးနိုင်ပါလား..

"" ငါမင်းကိုအရမ်းချစ်ခဲ့တာ Jungkook.. ၊ မင်းမို့..
မင်းမို့လုပ်ရက်လိုက်တာကွာ .. ""

အခုချိန်မှာ သူဟာအပျော့ညံ့ဆုံးဖြစ်မယ်ထင်တယ်..
ပိုက်ထွေးထားသော ဒူးနှစ်ဖက်ပေါ်တွင်မျက်နှာအပ်ကာ ငိုကြွေးမိသည်..။

ထိုမျက်ရည်တွေက ညီမလေးအတွက်မဟုတ်..
ကွဲကွာခဲ့ရတဲ့ မေမေနဲ့ဆက်ဆံရေးအတွက်လည်းမဟုတ်..
ဆိုးဆိုးရွားရွား လောင်မြိုက်နေတဲ့ နှလုံးသားလေးအတွက်
နောက်ဆုံးအကြိမ် ငိုကြွေးလိုက်ခြင်း..

××××××××

"" Min.. ? Jimin .. ""

Jimin ကို ကုတင်ပေါ်မှာ စိတ်ငြိမ်ဆေးတွေထိုး၍ လက်ထိပ်နဲ့ခတ်ထားကြသည်..

𝙱𝚎𝚌𝚊𝚞𝚜𝚎 𝙾𝚏 𝚈𝚘𝚞 [ Completed ] Where stories live. Discover now