အပိုင်း ၆ 🙆

6.9K 359 0
                                    

လ​ရောင်​ ဒီ ​နေ့ မနက်​ ပင်​ စဲ စက်​ မှ ပြန်​ ​ရောက်​ သည်​။

အိမ်​ ထဲ ဝင်​ ရန်​ ​ခြေတွန့်​​နေမိသည်​။ သခင်​​လေး နှင့်​ စုံလျှင်​ မည်​သို့​ပြော ပြ ရမည်​နည်း ။ စဉ်း စား မရသည့်​ အဆုံး ​ခေါင်း စိုက်​ ကာ သာ အိမ်​ တံခါး ကို တွန်း ဖွင့်​ ကာ ဝင်​ လာ ခဲ့ သည်​။အချိန်​ မှာ မနက်​ ၈ နာ ရီ ခဲ့ ​လောက်​ ရှိ ​နေပြီ ဖြစ်​ သည်​။သခင်​ ​လေး နိုး ချိန်​ ​ရောက်​ ​နေပြီဖြစ်​ သည်​။ ထို့​ကြောင့်​ အဝတ်​ အစား လဲ ကာ ​အောက်​ ထပ်​ သို့ အမြန်​ ဆင်း လာခဲ့ သည်​။

"တီ မာ လာ!သခင်​ ​လေး ​ရော?"

"​အေး လ​ရောင်​ ​အောက်​ မဆင်း လာ ​သေး ဘူး သွား ကြည့်​ လိုက်​ ပါ ဦး အခန်း ထဲ မှာ "

လ​ရောင်​ အိမ်​ ​ပေါ်သို့ပြန်​ တက်​ လာခဲ့ သည်​။

"​ဒေါက်​ ...​ဒေါက်​..."

"ဝင်​ လာ ခဲ့...​လော့ချမထား ဘူး "

"တီမာလာ က breakfastစား လို့ ရပီဆိုလို့ သခင်​​လေး ကို ..."စကား ပင်​ မဆုံး လို က်

"မင်း ဘယ်​ အချိန်​ ပြန်​ ​ရောက်​ တာ လဲ?"

"လ​ရောင်​ ဒီ မနက်​ ပြန်​ ​ရောက်​ တာ ပါ "

"ဒီ ​နေို့ ဧည့်​ သည်​သွား ​ခေါ် စရာရှိ တယ်​ ...သူ့ ကို ရန်​ကုန်​တစ်​ပတ်​ လိုက်​ ပို့ ရမယ်​ ..မင်းငါ နဲ့ တူတူ လိုက်​ ခဲ့  .."

"ဟုတ်​ .ဟုတ်​ ကဲ့ သခင်​ ​လေး"

သခင်​ ​လေး ကို ကျွန်​​တော်​ ကြည့်​ မိသည်​။ နဂို လို ကျွန်​​တော့်​ ကို မြင်​လျှင်​ ​နွေး ​ထွေး ​သောအပြုံး များ ဖြင့်​ မကြိုဆို ​တော့ ။ လှပပါ သည်​ ဆို ​သော နှုတ်​ ခမ်း များ မှာ ​ကွေး ညွတ်​ ယုံ မျှ​​​တောင်​ မ​ကွေး ညွတ်​ ​နေ​ပေ။ ခန္ဓကိုယ်​ မှာ လည်း ပိန်​ သွား ကာ ဆံပင်​ များ မှာ လည်း နဂို လို သပ်​ သပ်​ ရပ်​ ရပ်​ ဖီး လိမ်း ထား ခြင်း မရှိ ပဲ ဆုတ်​ ဖွာ ​နေသည်​။ ​သေချာ ပါ တယ်​ သခင်​ ​လေး သူ့ ကို လျစ်​ လျူ ရှု ထား တယ်​။ နဂို က ဆိုလျှင်​ကျွန်​​တော့်​ ကို သာလိကာ ​လေး လို တစ်​တွတ်​ တွတ်​ ​ပြော ​နေတဲ့ တဲ့ သခင်​​လေး က သိသိသာသာ ပင်​ စကား နည်း သွား ​ပေသည်​။ လျစ်​ လျူ ရှု မှု ၏ အ​နောက်​တွင်​ ​ဒေါသ သည်​ လည်း ကပ်​ ပါ လာ နိုင်​ ​ကောင်း ပါ လာ နိုင်​ ပါ ​ လိမ့်​ မည်​။ သခင်​ ​လေး ကျွန်​ ​တော့ ကို မမုန်း ပါ နဲ့။ အဲ့ အမုန်း ​တွေကို လက်​ မခံချင်​ ​သော်​ လည်း တစ်​ ချိန်​ ချိန်​ တွင်​ သူ လက်​ ခံ ​ကောင်း လက်​ ခံ ရလိမ့်​ မည်​။ ကျွန်​ ​တော်​ ခံ နိုင်​ ​အောင်​ ပြင်​ ဆင်​ ထား ပါ သည်​။ ကျွန်​​တော့် ရဲ့ မျက်​ ရည်​ တစ်​ စက်​ က သခင်​ ​လေး ရဲ့ ​ပျော်​ ရွှင်​ မှု အပိုင်း အစ သာ ဆို လျှင်​ ကွ်ျ​န်​ ​တော်​ မည်​ မျှပင်​ ဖြစ်​ ​စေ ငို နိုင်​ စွမ်း ရှိ ပါ သည။်

အချစ်​ရဲ့ ​နောက်​ကွယ်​က တံခါးတစ်​ချပ်​စီသို့. (Complete)Where stories live. Discover now