"မရောက် သေးဘူး လမ်း မှာ ပဲ ရှိသေး တယ် "
"လရောင်တို့အိမ်ပဲတန်း ပြန်မှာ မဟုတ်လား သခင်လေး"
"ဘာဖြစ်လို့လဲ"
" နေသိပ်မကောင်းလို့ ပါ လရောင် အိမ် ပြန် ချင်လို့"
ထို ကလေးပြော မှ သာ ဗျူ ဟာ လရောင် မျက်နှာ အားသေသေချာချာ ကြည့်မိလေသည်။
ဖြူ ဝင်း သော မျက်နှာ ပြင် ပေါ် ၌ ချွေးစေး များ ထွက် ကာပန်း ဆီရောင် နှုတ် ခမ်း သား များ မှာ လည်း ဖြူ လျော့ နေပေသည်။
ဗျူ ဟာ ကား ကို အရှိန် တင်လိုက် သည်။ အိမ် သို့ အမြန် ရောက် စေချင် လှ ပြီ ။ ထို ကလေး အား နား စေချင် လှ ပြီ ။ ခရီး မှ ပြန် လာ သော သူ့ အား ချက် ချင်း ပင် အပြင် ခေါ် သွား မိသော မိမိ ကိုယ် မိမိ လည်း အပြင် တင် မိလေသည်။
အိမ် ပြန် ရောက် သည်နှင့် လရောင် မိမိ အခန်း ထဲ တန်း ဝင် လာ ကာ ကုတင် ပေါ် ဖုန်း ခနဲ ပစ် လှဲ လိုက် သည်။
ထို့နောက် ထပ် ပြီး အိပ် ရန် ပြင် ဆင် လေ သည်။
ဒီ နေ့ အဖို့ ပင် ပန်း လှ သည်။
လူ ပင် ပန်း သည် ထက် စိတ် ပင် ပန်း သည် က ပို ဆိုး လေ သည်။
ကိုယ့် ချစ် ရသူ အား အရှေ့တွင် ရှိ ပါ လျက် နှင့် ဖွင့် ပြော ခွင့် မရှိ သော အဖြစ် မျိုး နှင့် ကြုံ ရလေသူတိုင်း ခံစား ကောင်း ခံစား ရမည် ဖြစ် သည်။ထို စဉ် " ဒေါက်.... ဒေါက် "
တံခါး ခေါက် သံ...
"လေ ရာင် ကိုယ်... !" ဟုတ် ကဲ့ ဝင် လာ လို့ ရတယ် သခင်လေး...
လရောင်လော့ခ် ချမထား ဘူး ""လရောင် မအိပ် သေးဘူး လား "
"အခုပဲ အိပ်တော့ မလို့ "
ဗျူ ဟာ လရောင် နှုတ်ဖူး လေး အား လက် တင် ကာ အပူရှိန် အား တိုင်း ကြည့် လိုက် သည်။
ရုတ် တရက် အပြု အမူကြောင့် လရောင် ကိုယ် လေး တွန့်သွား မိသည်။
KAMU SEDANG MEMBACA
အချစ်ရဲ့ နောက်ကွယ်က တံခါးတစ်ချပ်စီသို့. (Complete)
Romansaအချစ်ဆိုတာပုံသေမရှိဘူးတစ်စုံတစ်ဦးတွက်ဘယ်လောက် ပုံပေးနေပါစေသူရချင်မှရတာ ယူတတ်မှလည်း အချစ် ကိုရ တာ အတိတ်ဆိုတာ လွယ်လွယ်မေ့လို့မရပေးမဲ့ အရာတစ်ခုခုက တော့ ကုစားသွားနိုင်မှာ လား?