Author's Note

34.8K 2.5K 227
                                    

မရေးတော့ဘူးဆိုပြီး ရေးပြန်ပြီနော်။ တကယ်ပါပဲ။ စာရေးဖို့ကို လုံးဝမေ့ထားတာပါ။ ကိုယ့်အကြောင်းကိုယ်သိလို့ပါ။ စာတစ်ပုဒ် စရေးပြီးရင် မအိပ်မစားနဲ့ မပြီးမချင်း နတ်ပူးသလို ဖြစ်တတ်လွန်းလို့ လုံးလုံးမစဖြစ်အောင် ကြိုးစားနေခဲ့တာပါ။

တစ်နေ့ မောင်လေးတစ်ယောက် မိတ်ဆက်လာတယ်။

မမွန် fic တွေကို facebook မှာ တင်ကတည်းက မိတ်ဆက်လာသူအများစုက ယောက်ျားလေးထင်ကြတယ်။ အကြင်နာမွန်ဆိုတဲ့ နာမည်မှာ ယောက်ျားဆန်တာ မပါဘူးလို့တော့ ထင်တာပဲ။ 😅။ ဒါပေမယ့် မေးလာသူတိုင်းက ယောက်ျားလေးလားတဲ့။ မဟုတ်ဘူးလို့ ဖြေဖြစ်ရင် ဒါဆို Tom လားဆိုတဲ့ မေးခွန်းနဲ့ ဆက်တာပါပဲ။ ဒီတော့လည်း မဟုတ်ပါဘူး နောက်တစ်ခေါက်ဖြေရတယ်။ ဟုတ်တယ်ထင်ရင်လည်း ဘာပြဿနာမှမရှိပါဘူး။

တစ်ခါတုန်းကတော့ မမွန် အမျိုးသားကို ကိုယ်ရေးတာ BL တွေဆိုတော့ မမွန် Bi လားမသိဘူးနော် ဆိုပြီး သွားစတာ မွန် ကြိုက်တဲ့ကောင်မလေးတွေ့ရင်ခေါ်ခဲ့တဲ့။ သူပါ ကြားဝင်စားဖို့ချောင်းနေတာနဲ့ မျက်စောင်းထိုး လွှတ်လိုက်ရတယ်။ အဲလို မုန်းဖို့ကောင်းတာ။ 😒😒

ထားလိုက်ပါ။ ဒါနဲ့ပဲ မမွန်ရေးတာတွေ ကြိုက်တယ်ဆိုပြီး မိတ်ဆက်လာတဲ့ ကောင်လေးကို ကျေးဇူးတင်ကြောင်းပြောပြီး online ကနေ ထွက်တော့မယ့်အချိန်မှာ သူက ကျွန်တော့်ဇာတ်လမ်းလေး ပြောချင်တယ်တဲ့။

ဒါနဲ့ မမွန်လည်း message ထားခဲ့နော်ဆိုပြီး တခြားထွက်သွားခဲ့တယ်။ အားတဲ့အချိန် messenger ထဲ ပြန်ဝင်တော့ message ပေါင်းက ၁၂၇ ခုကျော်နေတယ်။ ဒါနဲ့ပဲ မမွန် အစကနေ ဖတ်ဖြစ်တယ် ဆိုပါတော့။

ဖတ်မိတဲ့အချိန်ကျတော့.....

.........

details တွေကို မမွန် ကျော်ချလိုက်ပါ့မယ်။ ကျေးဇူးတင်စကားရောက်မှပဲ ပြန်ပြောတော့မယ်နော်။

ဒါနဲ့ပဲ ဒီဇာတ်လမ်းလေးကို မမွန် ရေးဖြစ်သွားတယ်။

ဝတ္တုရှည်မဟုတ်သလို အတိုလည်းမဟုတ်ပါဘူး။ အလယ်အလတ်လို့ပဲ ပြောရမယ်ထင်တယ်။

extra ရေးခိုင်းလာတဲ့ reader တွေကိုတော့ မရေးပေးဘဲ ကောင်လေးတစ်ယောက်ပဲ ပြောလာပေမယ့် ရေးဖြစ်ခဲ့တဲ့ မမွန်ကိုတော့ အားလုံးခွင့်လွှတ်ကြပါတော့လို့ပဲ တောင်းပန်ပါတယ်။

author တွေ အားကြီးမုန်းဖို့ကောင်းတာပဲနော်။ 😉😘😘

ပထမကတော့ facebook မှာပဲ တင်ဖို့ပြောတာ။ သူ့မှာ wattpad မရှိဘူးလေ။ မနေ့ကမှ မေးလာသူတွေရှိတာ သူတွေ့တော့ နှစ်ခုစလုံးမှာ တင်ပါဆိုပြီး ခွင့်ပြုတယ်။ ခေါင်းစဉ်က သူ ရွေးခဲ့တာပါ။ အဖြစ်မှန်ဇာတ်လမ်းဆိုတော့ ရေးရတာ မမွန် လက်တွန့်တာတော့ တကယ်ပဲ။ စိတ်ကူးယဉ်နဲ့ မတူဘူးလေ။ ဒါပေမယ့် အတတ်နိုင်ဆုံး ကြိုးစားရေးသွားမှာပါ။

သူ မျှော်လင့်သလို သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို reader လေးတွေ ရင်ထဲစွဲကျန်ရစ်ခဲ့အောင် ရေးနိုင်ပါစေလို့ မမွန် ဆုတောင်းရမှာပါပဲ။

မနက်ဖြန်ကစပြီး chapter 1 ကို facebook မှာနဲ့ တစ်ချိန်တည်း တင်သွားမယ်နော်။

ဒီနေ့က ဒီစကားလေးပဲ လာပြောတာပါ။😘

ဖြစ်ရပ်မှန် ဇာတ်လမ်းမို့လို့ role play account တွေ မဖွင့်ကြဖို့ မမွန်ထပ်ပြီး မေတ္တာရပ်ခံပါတယ်။

အကြင်နာမွန်

💖💖💖


မြို့ဟောင်းမြေမှ ချစ်သက်သေWhere stories live. Discover now