အပိုင်း ၁

58.4K 2.6K 98
                                    

သဇင်ပန်းခိုင် တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း ဆိုသည့် ဘုရားပုထိုးပေါင်း ခြောက်သန်းကျော် သပ္ပါယ်တည်ရှိနေသော ရခိုင်ဌာနီ...

ဓညဝတီခေတ်..

ဝေသာလီခေတ်..

လေးမြို့ခေတ်..

မြောက်ဦးခေတ်...

ခေတ်ကြီးလေးခေတ် ထွန်းကားခဲ့သော ရခိုင်တိုင်းရင်းသားတို့၏ နောက်ဆုံးမင်းဆက် တည်ရှိခဲ့ရာ ရှေးဟောင်း မြို့တော်မြောက်ဦး။

ကျွန်တော့်ရဲ့ ဇာတိချက်မြှုပ် မွေးရပ်မြေတစ်ခုပါ။

ဒီမြို့ဟောင်း၏ ရင်တွင်းမှ မွေးဖွားကြီးပြင်းလာသော ကျွန်တော့်အတွက် မြောက်ဦးမြို့သည် ကျွန်တော်၊ ကျွန်တော်သည်ပင် မြို့တော်မြောက်ဦး၏ အပိုင်းအစတစ်ခု ဖြစ်သည်ပဲ ဖြစ်သည်။

စိမ်းလဲ့သော ခြုံပင်၊ နွယ်ပင်၊ သစ်ပင်များကြားမှ အဖိုးအဖြတ်နိုင်သည့် အနက်ရောင်၊ နီညိုရောင် ရှေးဟောင်းအမွေအနှစ် ဘုရားပုထိုးများ၏ ရွှေရောင်လဲ့သော ထီးတော်များသည် သပ္ပါယ်လွန်းလှသည်။ ကိုင်းညွှတ်နေသော စပါးသီးများ ပြည့်နေသည့် အဝါရောင် စပါးစိုက်ခင်း လယ်ကွင်းပြင်များသည်လည်း မျက်စိတစ်ဆုံး ရှိနေတတ်သည်။ ရိုးသားဖြူစင်သလို ဇာတိသွေးမာန်ပြည့်ဝသော ရခိုင်တိုင်းရင်းသားများသည်လည်း မြောက်ဦးမြို့၏ အလှဂုဏ်တစ်ခု။

ထိုအလှ ထိုဘဝအားလုံးသည် ကျွန်တော့်ရင်မှာ ခိုင်မာစွာ အမြစ်တွယ်ဝင်နေသော ရေသောက်မြစ်များပမာ။

ဆောင်းမနက်ခင်းနေမင်း၏ အကြို ရောင်ခြည်နွေးများက ကောင်းကင်ပြင်မှာ အလင်းရောင်အဖြင့် ပက်ဖြန်းထားပြီဖြစ်သည်။ နေလုံးရဲရဲကိုတော့ မတွေ့ရသေး။ တောင်ဝိုင်းသောမြို့၊ တောရံသော မြို့မို့ နေမင်းကို မြင်ရဖို့ အခြားဒေသများမှာထက် အချိန်ပိုယူရသည်။

"ခန့်ပိုင်.."

"ဗျာ.. မေမေ..."

မေမေ့ခေါ်သံကြောင့် မြူဆိုင်းသော မြောက်ဦးမြို့၏ မနက်ခင်းကို ငေးကြည့်နေသော ကျွန်တော် အသိဝင်လာခဲ့သည်။

မြို့ဟောင်းမြေမှ ချစ်သက်သေWhere stories live. Discover now