"ခန့်ပိုင်ရေ... .."
ခေါ်သံကြောင့် ကျွန်တော် ရေစိုပုဆိုးကို လှမ်းနေရာ အိမ်နောက်မှထွက်လာခဲ့သည်။
ရေချိုးပြီးကာစမို့ ကျွန်တော် အပေါ်အကျီင်္မ၀တ်ရသေး။ ရေလဲပုဆိုးမှာလည်း စိုချင်ချင်ဖြစ်နေသေးသည်။ အိမ်ရှေ့မှခေါ်နေသောအသံသည် စောမေ၏အသံဆိုတာ သိထားပြီးသည်မို့ ကြိုးတန်းမှာလှန်းထားသော အကျီင်္လက်ပြတ်ကိုကောက်ဝတ်ကာ ခြံရှေ့ထွက်လာခဲ့သည်။
"ဘာလဲဗျ.."
"အဒေါ်ရော.."
"ဖုန်းလာတယ်ဆိုလို့ ဖုန်းသွားပြောတယ်.."
"ဘယ်သူဆက်တာလဲ.."
"မသိဘူး အစ်မရာ...."
စပ်စုလွန်းသော စောမေကို အမြင်ကတ်စွာလှမ်းကြည့်ကာ အိမ်ရှေ့လှေကားထစ်များတွင် ၀င်ထိုင်လိုက်သည်။ ကျွန်တော်တို့အိမ်မှာ ဖုန်းမရှိ။ နှစ်ခြံကျော်မှ အသိအိမ်တွင်ရှိသော ဖုန်းကိုသာ အရေးကြီးကိစ္စများရှိလျှင် သွားဆက်ရကာ အမေ့ကိုဆက်သွယ်လိုသူများရှိလျှင် ထိုနံပါတ်ကိုပင် ပေးထားဖြစ်သည်။
"နင် ကိုစိုင်းတို့မြို့ကို လိုက်လည်သေးတယ်ဆို.."
"ဟုတ်တယ်..."
စာမေးပွဲပြီးသည်နှင့် ကိုစိုင်းနေရာ တောင်ပေါ်မြို့လေးသို့ ကိုစိုင်းနှင့်အတူ ကျွန်တော်သွားလည်ဖြစ်ခဲ့သည်။ ပျော်လွန်းရသော နေ့များဆိုလျှင်လည်း မမှားခဲ့။ ကိုစိုင်းကလည်း ကျွန်တော့်ကို မျက်စိအောက်မှ အပျောက်မခံသလို ကိုစိုင်းမိခင်မှာလည်း ကျွန်တော့်ကိုသားအရင်းတစ်ယောက်လို ချစ်ခင်စောင့်ရှောက်ခဲ့သည်။
အချိန်တန်၍ အိမ်ပြန်ရသည်ကိုပင် ကျွန်တော်စိတ်မကောင်း။
ဒါပေမယ့် မယုံနိုင်စရာကောင်းအောင် ကိုစိုင်းက ကျွန်တော်နှင့်အတူ မြောက်ဦးကို ပြန်လိုက်လာမည်ဟု ပြောခဲ့သည်။ တကယ်လည်း ကျွန်တော်နှင့်အတူ ပြန်လိုက်လာခဲ့သည်။
"ကိုစိုင်းရော.. ပြန်လိုက်လာတယ်ဆို...."
ကျွန်တော်ခေါင်းမှဆံပင်များကို ဆွဲဖွကာ လေပူတစ်ချို့ကို မှုတ်ထုတ်လိုက်သည်။
YOU ARE READING
မြို့ဟောင်းမြေမှ ချစ်သက်သေ
Romance(ZawGyi & Unicode) "ကျွန်တော်တို့ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို မမွန်ရဲ့အနုပညာ စိတ်ကူး နဲ့ ပေါင်းစပ်ပြီး တခြားသူတွေ ရဲ့ ရင်ထဲမှာ စွဲထင်ကျန်ရစ်စေချင်လို့ပါဗျာ.." မမွန်ကိုရင်ဖွင့်လာတဲ့ မောင်လေးရဲ့ စကားတွေအများကြီးထဲက စကားတစ်ခွန်းပါ။ (အကြင်နာမွန်...