ရွှေမင်းသား​လေးရဲ့ သက်​​တော်​​စောင့်

3.4K 89 2
                                    

ရွှေမင်းသား​လေးရဲ့
                         သက်​​တော်​​စောင့်​ (အပိုင်း ၁)

'​ထောက်​!´

ခမ်းနားလှသည့်​ ဧည့်​ခန်းထဲ၌ ပန်းချီကားများက သူ​နေရာနှင့်​ သူ အစီအရီ တည်​ရှိ​နေသည်​။ဒေါသ​ကြောင့်​ နီမြန်း​နေသည့်​ မျက်​နှာနှင့်​ ဦးအဂ္ဂ ဆိုဖာ​ပေါ်က ထရပ်​ကာ ​ဆူ​တော့သည်​။စိတ်​ကူးရင့်​ကို ဆူ​နေခြင်းဖြစ်​သည်​။စိတ်​ကူးရင့်​က ဦးအဂ္ဂ ၏တစ်​ဦးတည်း​သောသမီးဖြစ်​သည်​။

⏳⏳ဖြစ်​ပုံက

စိတ်​ကူးရင့်​သည်​ သူ့သူငယ်​ချင်း များနှင့်​ ဘိလိယက်​ ထိုး​နေကြဖြစ်​သည့်​ ​ဂရမ်​ဥယျာဉ်​၌ ဘိလိယက်​ ထိုး​နေကြသည်​။စိတ်​ကူးရင့်​နှင့်​လုံးဝမတည့်​သည့်​ ရှိုင်း တို့အဖွဲ့ နှင့်​ ငြိခြင်းဖြစ်​သည်​။

'ရင့်​ မင်း ပွဲတိုင်း နိုင်​​နေတာ​နော်​။ အပြန်​ one tableပဲ´

'မဆိုင်​တာကွာ။ငါ့အရည်​အချင်းနဲ့ငါ လုံးဝ မ​ကျွေးနိုင်​ဘူး´

စိတ်​ကူးရင့် ရယ်​ကာ ဘိလိယက်​ ဆက်​ထိုး​နေသည်​။ရှိုင်းက စိတ်​ကူးရင့်​ကို ဝင်​ရိသည်​။

'မိန်းမက မိန်းမပါပဲကွာ။ ​ယောကျာ်းဖြစ်​ချင်​​နေ​သေးတယ်​။စိတ်​ပျက်​စရာကြီးပါကွာ´

ရှိုင်း စကား​တွေ​ကြောင့်​ ရှိုင်း ၏သူငယ်​ချင်း​တွေ ထရယ်​သည်​။ထိုစကား​ကြောင့်​ စိတ်​ကူးရင့်​ ၏ ​ဒေါသ အမြင့်​ဆုံး​ရောက်​သွားသည်​။

'​ဟျောင့်​ ရှိုင်း မင်း ဘာစကား​ပြောတာလဲ´

'မကြာဘူးလား။ မင်းကို​ပြောတာ​လေ´

'​အေး ငါကို ​ပြောတာဆို ချတယ်​ကွာ´

စိတ်​ကူးရင့်​ ​ဘေးနားက အ​အေးပုလင်းကို ​ကောက်​ဆွဲကာ ရှိုင်း ၏​ခေါင်းကို ​ခုန်​ရိုက်​သည်​။ပြဿနာတက်​ပြီ နှစ်​​ဖွဲ့စလုံး ရဲစခန်း ​ရောက်​သွားသည်​။⏳⏳

'ကူး! အခု ဘယ်​လို လုပ်​တာလဲ။တစ်​ဖက်​လူမှာလဲ ရစရာ မရှိ​တော့ဘူး။ပိုက်​ဆံ​လျော်​ရတာ ကိစ္စမရှိ​ပေမဲ့ ​။ အမြဲ အာမခံလက်​မှတ်​ထိုးပြီ ရဲစခန်းက ​ခေါ်လာရတာ​တော့ ကိစ္စ ရှိ​နေပြီ´

ရွှေမင်းသား​လေးရဲ့ သက်​​တော်​​စောင့်​Where stories live. Discover now