ep8

766 53 0
                                    


ရွှေမင်းသား​လေးရဲ့
                         သက်​​​တော်​​စောင့်​(အပိုင်း ၈)

ည​နေ​ရောက်​​တော့ ကားနှင့်​ စိတ်​ကူးရင့်​ကို လာ​ခေါ်သွားသည်​။

'ကူး ဒီမှာ ​နေခဲ့။အဝတ်​အစားနဲ့လက်​ဝတ်​ရတနာ​ရော အလှပြင်​ဖို့ ​ရော သူတို့ စီစဉ်​​ပေးလိမ့်​မယ်​´

'မပြင်​လို့ မရဘူးလား ကိုကို။ ရင့်​ စိတ်​ကျဉ်းကျပ်​တယ်​´

'မရဘူး ကူး။ ကိုယ့်​ကိုယ်​ကို မိန်က​လေး ဆိုတာ မ​မေ့နဲ့။´

'ရင့်​ မပြင်​ချင်​ဘူး´

'ကူး မရစ်​နဲ့ကွာ။ပြင်​ပြီရင်​လည်း ခဏ​လေးပဲ ​နေရမှာ´

'သွားမယ်​ ပြင်​မယ်​ ပြင်​မယ်​´

ရင့်​ ​ဆောင့်​​အောင့်​ပြီ ထွက်​သွားသည်​။တိုင်းနိုင်​ငံကြည့်​ပြီ ရယ်​ မိ​သေးသည်​။

*******​ရွှေမင်းသား​လေးရဲ့ သက်​​တော်​​စောင့်​ *******

'ခိုက်​ မင်း သွားဖို့ မပြင်​​သေးဘူးလား´

'သွား​တော့မှာ ​လေး​လေး ။အလုပ်​​တွေ လက်​စသတ်​ပြီတာနဲ့ သွားမှာ´

'မင်းမှာလည်း ဒီ အလုပ်​ပဲ။ ပိုက်​ဆံမရှိလို့ဆိုရင်​လည်းထား​တော့´

"​လေး​လေး က​တော့ စပြီ"ဆို​သော အ​တွေးနဲ့ ခိုက်​ရယ်​လိုက်​သည်​။

'​ဟျောင့်​ ငါ အ​ကောင်း​ပြော​နေတာ ရယ်​မ​နေနဲ့´

'သိပါတယ်​ ​လေး​လေး ´

'ဒါနဲ့ မင်းရဲ့ သက်​​တော်​​စောင့်​ ​ရော´

'​ဆေးခန်းသွားမှာမို့လို့ ခွင့်​​ပေးထားတယ်​။´

'မင်းလည်း သူနဲ့​တွေ့မှ ​ပြောင်းလဲသွားတယ်​​နော်​။အရင်​က စည်းကမ်း ​တွေ ဘယ်​​ရောက်​သွားပြီလဲ။သတိလည်း ထားအုံး။ယောကျာ်း အချင်းချင်း ကြိုက်​​နေအုံးမယ်​´

လေး​လေး အ​ပြော​ကြောင့်​ ခိုက်​ အလွန်​အဓိပ္ပါယ်​ရှိ​သော အပြုံးကို ပြုံးမိသည်​။

'​ဟျောင့်​ မင်းက ဘာပြုံးတာလဲ´

'ဒီလိုပါပဲ ​လေး​လေး ရာ´

ရွှေမင်းသား​လေးရဲ့ သက်​​တော်​​စောင့်​Where stories live. Discover now