ရွှေမင်းသားလေးရဲ့
သက်တော်စောင့် (အပိုင်း၁၀)သန်းစိုး အိမ်ပြန်သွားသည်။အိမ်ရောက်မှ ဆရာနဲ့ဟိုကောင်လေး ကို ပြန်တွေးမိသည်။
'ဟင်!ဆရာနဲ့ ဟိုကောင်လေး ဂိုဒေါင်က ပြန်ထွက်လာခဲ့လား မသိဘူး။ တံခါးပိတ်နေကျ ကိုဝင်းနိုင်ကို ဖုန်းဆက်အုံးမှ´
ကိုသန်းစိုး ဖုန်းဆက်လိုက်သည်။
'ဟဲလို ငါ သန်းစိုးဆက်တာ´
'အေး ပြော သူငယ်ချင်း ´
'ဝင်းနိုင် မင်း ဂိုဒေါင် တံခါး ပိတ်တုန်းက ဆရာနဲ့သူ့သက်တော်စောင့် ထွက်လာတာ တွေ့သေးလား´
'မတွေ့ဘူး။ငါလည်း ဘာမှမကြည့်ပဲ တံခါးပိတ်လာတာ´
'ဟာ !သွားပြီ ထင်ပါတယ်ကွာ။မင်း ချက်ချင်း ဂိုဒေါင်ကိုလာခဲ့။သော့တွေပါ ယူလာခဲ့´
'အေး အေး´
သန်းစိုးနဲ့ဝင်းနိုင် ဂိုဒေါင် ရောက်သည့်အချိန်က ည၉နာရီ ဖြစ်နေပြီ။
'မြန်မြန်လာကွာ။ဟိုမှာ ဘာတွေဖြစ်နေပြီလဲ မသိဘူး´
'အေးပါကွာ´
တံခါးဖွင့်လိုက်တော့ ထင်ထားသည့်အတိုင်း ရင့်နဲ့ခိုက်ရှိနေသည်။
'ဟင်!တံခါး ပွင့်သွားပြီ ကိုခိုက်´
ခိုက်နှင့်ရင့် အပြင်ထွက်လာသည်။
'ဆရာကို ကျွန်တော် အနူးအညွတ်တောင်ပန်းပါတယ်။ ကျွန်တော်တို့ ပေါ့ဆမှုကြောင့်.......´
ဆောင်းဦးခိုက် လက်ကာပြသည်။
'ရတယ်။ကိစ္စ မရှိဘူး။ဖြစ်ပြီတာတွေ ဖြစ်ခဲ့ပြီ´
'ကျေးဇူးပါပဲ ဆရာ´
'ကူး မင်းကို လိုက်ပို့ပေး မယ်´
'ဟုတ်´
ကားပေါ်မှာလည်း နှစ်ယောက်စလုံး တိတ်ဆိတ်နေသည်။နောက်ဆုံး အိမ်ရောက်သွားသည်။
YOU ARE READING
ရွှေမင်းသားလေးရဲ့ သက်တော်စောင့်
Romanceရွှေမင်းသားလေးရဲ့ သက်တော်စောင့် ယောကျာ်းလေးလို့ နေပြီ မန္တလေးမှာကြီးပြင်း၏။'စိတ်ကူးရင်'့ဆိုလျှင် အလွန်စွာသောကြောင့် အားလုံး ကြောက်၏။သူပုံစံကမိန်းကလေးပေမဲ့ ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်အသွင်။ အ...