ep9

771 55 0
                                    


ရွှေမင်းသား​လေးရဲ့
                         သက်​​တော်​​စောင့်​ (အပိုင်း၉)

စိတ်​ကူးရင့်​ ရ​ဝေ​ဆောင်း စံအိမ်​ထဲ ဝင်​ဖို့အ​ရေး တွန့်​ဆုတ်​ တွန့်​ဆုတ်​ ဖြစ်​​နေသည်​။

"သူငါကို မှတ်​မိသွားလား မသိဘူး။တကယ်​လို့ မိန်းက​လေး ဆိုတာသာ သိသွားရင်​ ဘာ​တွေ ဆက်​ဖြစ်​မှာလဲ။အား......စိတ်​ရှုပ်​လိုက်​တာ။ဘာဖြစ်​ဖြစ်​ကွာ ဝင်​တာပဲ ​ကောင်းတယ်​"

စိတ်​ကူးရင့်​ ဆံပင်​ကို လက်​နဲ့ထိုးဖွလိုက်​ ။ ပြန်​သပ်​လိုက်​နဲ့။စိတ်​ရှုပ်​ရှုပ်​နဲ့ ရ​ဝေ​ဆောင်း စံအိမ်​ထဲဝင်​သွားသည်​။

'ရင့်​ ​ရောက်​​နေပြီလား။နေ​ရော​ကောင်းသွားပြီလား´

'ဟုတ်​သက်​သာ​နေပါပြီ´

'ခိုက်​ မနိုး​သေးဘူး ထင်​တယ်​။သွားနိုးလိုက်​ပါလား။လေး​လေး အလုပ်​ရှိ​သေးလို့´

'ဗျာ!´

'လုပ်​ပါကွာ။အ​ပေါ်တက်​ပြီ ညာဘက်​ ချိုးသွားရင်​ သူအခန်း ​ကို​ ​ရောက်​ပြီ´

စိတ်​ကူးရင့်​ အစ ငြင်းမလို့ပဲ။ရ​ဝေ​ဆောင်းစံအိမ်​ရဲ့ လျိုဝှက်​ခန်း​များ ရှိနိုင်​မလား ​တွေးပြီ သွားဖို့စိတ်​ကူးလိုက်​သည်​။

'ကျွန်​​တော်​သွား နိုးလိုက်​မယ်​´

'အင်း´

ရင့်​ အ​ပေါ်တက်​သွား ​တော့ အပြင်​အဆင်​ကပို​တောင်​ လှ​သေးသည်​။ပန်းချီကား​တွေကလည်း ခမ်းနားလှသည်​။ စန္ဒရား နှစ်​ခု​တောင်​ရှိသည်​။တစ်​ခုက ​ရှေး​ဟောင်း စန္ဒရား ။နောက်​တစ်​ခုက အခု​ခေတ်​ပုံစံ စန္ဒရား ။ရင့်​စိတ်​ထဲမှ ခိုက်​ကို သွားနိုးဖို့ထက် လျိုဝှက်​ခန်းရှာဖို့က ပိုစိတ်​​လော​နေသည်​။ရင့်​ ​လျှောက်​ကြည့်​​သော်​လည်း မ​တွေ့ရပါ။ရင့်​ လိုက်​မရှာ​တော့ပဲ ခိုက်​ကို သွားနိုးဖို့ ဝင်​သွားသည်​။အခန်းထဲဝင်​​တော့ ခိုက်​ရှိ​မ​နေပါ။

'ဟင်​!ကိုခိုက်​လည်း မရှိပါလား။´

ရင့်​ ,ခိုက်​ကို လိုက်​ရှာ​နေတုန်း ခိုက်​ ​ရေချိုးခန်း ထဲမှ ထွက်​လာသည်​။ခါး​အောက်​ပဲ တဘတ်​ နှင့်​ ပတ်​ထားကာ အ​ပေါ်ခန္ဓာကိုယ်​ ဗလာဖြစ်​​နေတာကို ရင့်​ မြင်​​တော့ ချက်​ချင်း မျက်​နှာလွဲကာ...

ရွှေမင်းသား​လေးရဲ့ သက်​​တော်​​စောင့်​Where stories live. Discover now