အပိုင်း-1

10.3K 243 9
                                    

Story Title - \Between Us\

Type-Myanmar(boy×boy)

Genre -Romance

Main Casts-•စိုင်းဆွမ်​​ခေး&•​ခေတ်​​သွေးမာန်

•••

အပိုင်း-၁

"ဟူး...!! "

Air-conနံ့များဖြင့်​ပြည့်​ကျပ်​​နေ​သော ​လေအိတ်​ကား​ပေါ်မှဆင်းပီးသည်​နှင့်​ ပြင်​ပက​လေနု​လေ​အေးများကို အဆုတ်​ထဲထိ​ရောက်​​အောင်​တစ်​၀ကြီးရူသွင်းမိသည်​။ ​တောင်​စွယ်​​တောင်​တန်​များ​ပေါ်တွင်​ တည်​​ဆောက်​ထားသည့်​ဤမြို့၏ အ​အေးဓာတ်​သည်​ ​မွေးရပ်​ဌာ​နေရန်​ကုန်​​မြေထက်​ပို၍ ​အေး​နေသည်​မှာအမှန်​ပင်​။ ​ဆောင်းတွင်းကာလဖြစ်​သည့်​အတွက်​ မနက်​၄နာရီ ကားဆိုက်​​သောအချိန်​က အ​တော့်​ကို​မှောင်​​နေ​သေးသည်​ဟုဆိုရမည်​...။

"၀န်​ထမ်းအိမ်​ယာ-10"

ပါးစပ်​ထဲတွင်​အလွတ်​ရ​နေ​သော လိပ်​စာတစ်​ခုကိုရှာရန်​ ဦးဆုံးစိတ်​ကူးမိသည်​။ သို့​ပေမဲ့ တစ်​လမ်းလုံးကားမူးမှာစိုး၍ မည်​သည့်​အစားအစာမျှမစားခဲ့​သော ဗိုက်​က ဆန္ဒပြ​လေပီ။ ဗိုက်​အားအလိုလိုက်​ရန်​အတွက်​ ကတ္တရာလမ်းတစ်​ဖက်​ခြမ်းတွင်​ရှိသည့်​ မနက်​ပိုင်းတွင်​ဖွင့်​သည့်​ က​ဖေးဆိုင်​သို့ ​ဦးတညိလိုက်​သည်​။ 

"အကို..!ဘာမှာမလဲ"

ချွေးသံတရဲရဲဖြင့်​ စားပွဲထိုး​ကောင်​​လေးတစ်​ဦးက ​လာ​မေးသည်​။ စားပွဲတွင်​ တင်​ထား​သော အမှာစာကတ်​​လေးကိုကြည့်​လိုက်​​တော့ ရရှိနိုင့်​သည့်​အစားအစာများက ရှမ်းပြည်​စာများသာ။

" ချို့ဆိမ့်​နဲ့ ​ရေစိမ်​တစ်​ပွဲ ညီ"

မှာစရာရှိသည်​ကိုမှာပီးတာနှင့်​ ​ကျောပိုးအိတ်​ထဲမှပါလာ​သော ဖုန်းကိုထုတ်​၍ Contactတစ်​ခုကိုနှိပ်​လိုက်​သည်​။ ဖုန်းဆက်​ရဦးမည်​​လေ..

"Hello!​မေ​မေ...သား​ရောက်​ပါပီ..."

"ဟုတ်​..​မေ​မေ! ဟုတ်​ကဲ့ အ​နွေးထည်​​တွေလုံလုံ​လောက်​​လောက်​ ပါပါတယ်​..။.ဟုတ်​။ဒါဘဲ​နော်​..ချစ်​တယ်​​မေ​မေ"

Between UsWhere stories live. Discover now