အပိုင်း-2

4.1K 195 2
                                    

Between Us

အပိုင်း-၂

" ဗွမ်း!!! "

ထုံးဓာတ်​များ ​ပျော်​၀င်​​နေ​သော ​ရေ​အေးတစ်​ခွက်​အား မျက်​နှာနှင့်​ထိ​တွေ့ပီးသည်​နှင့်​ စိတ်​အစဉ်​တို့က လန်းဆန်းပီးသား။ မျက်​နှာသစ်​ခြင်းအမှု ပီး​သော်​ ခပ်​တင်းတင်း ဖြစ်​​နေသည့်​မျက်​နှာပြင်​အား သုံး​နေကျ creamတစ်​ခုဖြင့်​ ပွတ်​ကာ နဖူး​ပေါ်တွင်​​ဝေ့ဂှိုက်​ကျ​နေသည့်​ အနက်​​ရောင်​​ကေသာအချို့ကို ​ခေါင်းလိမ်းဆီအချို့ဖြင့်​ သပ်​တင်​လိုက်​သည်​။ လည်​ကတုံး လက်​ဖြူ အကျီ အရှည်​ကို ကြယ်​သီးပြည့်​တပ်​ကာ ​ကျောင်းပုဆိုးစိမ်းပုပ်​ပုပ်​ကိုစွပ်​လိုက်​သည်​။ အခု​ မှန်​သားပြင်​​ပေါ်တွင်​ ​ပေါ်​နေ​သော ကိုယ့်​ရုပ်​အ​နေအထားအရ ကျ​နော်​သည်​ အရမ်းကြီးPerfect မဖြစ်​​ပေမဲ့ ဆွဲ​ဆောင်​မှုရှိ​သော ​ယောက်ျားတစ်​​ယောက်​ဖြစ်​သည်​ဟုထင်​မိသည်​။ သုံး​နေကျ Charlie ​ရေ​မွှေး အဖြူအမျိုးအစားကို အနည်းငယ်​ ဖျန်းပီး​တော့ ၀တ်​စားဆင်​ယင်​မှု ကဏ္ဌက ပီးခဲ့ပီ​လေ။

စားပွဲ​ပေါ်တွင်​ တင်​ထားသည့်​ ​ပေါင်​မုန့်​ကို ​ရေဖြင့်​​မျှောကာ မနက်​စာကို ကျ​နော်​ဖြစ်​သလိုစားခဲ့သည်​။ အခုမှ ​ရောက်​ခါစမို့ ​ဈေးသွားဝယ်​ဖို့ရန်​ ကျ​နော့်​မှာ အစီအစဉ်​မရှိ​သေး။ တစ်​ရက်​နှစ်​ရက်​​လောက်​​တော့ ဒီအတိုင်းနှစ်​ပါးသွားရဦးမည်​...။

"Oh my god! ​နောက်​ကျပီ "

7:30သို့ညွှန်​ပြ​နေ​သည့်​ လက်​ပတ်​နာရီ​လေး​ကြောင့်​ ​တောင်​ကြီးမလာခင်​ အလုပ်​စ၀င်​သည့်​ အထိမ်းအမှတ်​အ​နေဖြင့်​ ​မေ​မေကိုယ်​တ်ုင်​၀ယ်​​ပေးခဲ့သည့်​ သား​ရေလက်​ဆွဲအိတ်​ကို ကိုင်​ကာ ​ပြေးရပါ​တော့သည်​။

"​ဆရာမတို့ကလည်း ​ကျောင်းသွားမှာလားခင်​ဗျ "

ကြိမ်​ခြင်း​တောင်း​လေး ကိုယ်စီကိုင်​ကာဖြင့်​ ​ကျောင်းသို့ဦးတည်​သွား​နေ​သော အသက်​လတ်​ပိုင်းဆရာမအုပ်​သို့ ၀င်​​ရောမိသည်​။ တရာမများကလည်း ​ဖော်​​ရွေကြပါသည်​...

Between UsWhere stories live. Discover now