အပိုင်း-3

3.1K 183 0
                                    

\Between Us \

အပိုင်း-3

"ပဉ္စဂုနံ အဟံဝန္ဒာမိ, အာစရိယဂုနံ အဟံဝန္ဒာမိ, မင်္ဂလာပါဆရာကြီး "

တိုင်းရင်းသားသံ​လေး ခပ်​၀ဲဝဲဖြင့်​ ​သောင်း​သောင်းဖျဖျ ဆရာအ၀င်​လာကို ​စောင့်​ကြို​နေ​သော က​လေးများ။ ထိုက​လေးများ​ကြောင့်​ စိတ်​ထဲတွင်​ ပီတိဖြစ်​ရသည်​။ ​သွေး​ချွေးရင်းပီးမှ ဖြစ်​လာ​သော ​ကျောင်းဆရာအလုပ်​အလုပ်​သည်​ သာမာန်​လူများထင်​သည့်​အတိုင်း မလွယ်​ကူလှ။ နယ်​​ပေါင်းစုံကို တာဝန်​အရသွား​နေရသလို...တခါတ​လေ ငြိမ်းချမ်းမှု မရှိ​သေးသည့်​ Black area သို့လည်း အသက်​ကိုဖက်​နှင့်​ထုပ်​ကာ သွားရ​သေးသည်​။

"ကဲ, ထိုင်​လို့ရပီ "

ကြည်​နူး​နေတုန်း ရုတ်​တရက်​အအတန်း​နောက်​ဆုံးမှ မြင်​လိုက်​ရ​သော​ကျောင်းသားတစ်​​ယောက်​၏ မြင်​ကွင်း​ကြောင့်​ ​သွေးများ​တောင်​​ဆောင့်​တက်​ချင်​လာသည်​။ ထိုအနှီ​ကောင်​​လေးသည်​ ခုံ​ပေါ်တွင်​ ပယ်​ပယ်​နယ်​နယ်​ကိုအိပ်​​ပျော်​​နေသည်​​လေ။ သူ့​ဘေးက ထိုင်​​နေ​သော ​ကျောင်းသားခမျာ ထို​ကောင်​​လေးကိုတံ​တောင်​ဖြင့်​ တွတ်​ကာနိုး​နေ​သော်​လည်းမထ​သေး။ ပထမဆုံး အလုပ်​စ၀င်​သည့်​ ​နေ့တွင်​ ဒီလိုမခန့်​မ​လေးစား အပြုအမူကို ကျ​နော်​ခွင့်​လွှတ်​လိုက်​မည်​ဆိုလျှင်​ ​ကျောင်းသားများ​ရောင့်​တက်​လာကြမည်​။ တစ်​ကမ္ဘာလုံးက ဆရာမ​ကြောက်​​သော ​ကျောင်းသားများ၏ သန်း​ခေါင်​စားရင်​ကို​ကောက်​လျှင်​....99.99ရာခိုင်​နှုန်း။ ​တော်​ရုံ ပညာပြထားမှ ​တော်​ကာကြမည်​​လေ။

"ဟုတ်​ပီ , ဟို​ကျောင်းသား​ဘေးက အိပ်​​နေတဲ့​ကောင်​ရဲ့နာမည်​က "

"စိုင်းဆွမ်​​ခေးပါဆရာ, Bioနဲ့သူနဲ့ကမတည့်​လို့ အိပ်​​နေတာပါဆရာ ။ တစ်​ခါမှလည်းBioမှာ ​အောင်​တယ်​လို့ရယ်​လည်းမရှိဖူးဘူးဆရာ "

ထို​ကျောင်းသား တရစပ်​​ပြောသွား​သော.စကားအပီးတွင်​ ကျ​နော်​ "​အော်​!" တစ်​လုံးသာထွက်​နိုင်​​တော့သည်​။ ယခု​ခေတ်​ က​လေးများသည်​အ​တော့်​ကို နားလည်​ရခက်​သည်​။ ​အရင်​​ခေတ်​ကလို ပိုက်​ဆံ​ပေးကာ တက်​စရာမလိုသည့်​ စာသင်​​ကျောင်းအားအ​လေးမထား။ အင်း​ပေါ့​လေ, ယ​နေ့​ခေတ်​ကလည်း ပိုက်​ဆံရှိလျှင်​ ပညာကိုပင်​၀ယ်​လို့ရသည်​​လေ။ အပြင်​ကျူရှင်​​တွေ များလာသည်​နှင့်​​ကျောင်းသားများကလည်း ​ကျောင်းက ဆရာ\ဆရာမများကို ဖုတ်​​လေရာ ငပိ​တောင်​မထင်​။

Between UsWhere stories live. Discover now