အပိုင်း-6

2.5K 163 2
                                    

\Between Us\

အပိုင်း-6

" သွားပါပီ​တော်​!! ဒီတ​ခေါက်​ ပိုင်​ပီထင်​ပီး ​အောလိုက်​တာ ဘာမှကိုမကျန်​​တော့ဘူး...."

လူသူတိတ်​ဆိတ်​​နေ​သော အိမ်​​လေးထဲမှ သူမ၏ စကားသံကထွက်​လာသည်​။ ​လောင်းကစားဟူသည်​ကား ​ဆော့တတ်​လျှင်​အမြတ်​ရ​ပေမဲ့ ​လောဘအ​တောမသတ်​နိုင်​လျှင်​ ကုန်း​ကောက်​စရာမရှိ​အောင်​မွဲ​တေတတ်​​သောအရာဖြစ်​သည်​။ သားဖြစ်​သူရှိစဉ်​က သားဖြစ်​သူငြိုငြင်​မှာစိုး၍ ဘာသုံးလုံးထီမျှ မထိုးခဲ့​ပေမဲ့...သားဖြစ်​သူအ​ဝေး​ရောက်​သွားခိုက်​မှာ​တော့....​လောင်းကစားဗိုင်းရပ်​စ်​များက ထကြွလာခဲ့သည်​​လေ။ အရင်​ကဆို ၀င်းမွတ်​​နေ​သော အဖြူ​ရောင်​အသားရည်​​ပေါ်တွင်​ ​ရွေလက်​​ကောက်​များဖြင့်​ တ၀င်းဝင်းဖြစ်​​နေတတ်​​သော ​သူမခမျာ...အခုဆိုလျှင်​ အနားများပဲ့​နေ​သော ဒဂါင်္​ရွှေလက်​​ကောက်​​လေးနှင့်​ ဘိုးဘွာစဉ်​ဆက်​က ​နေလာခဲ့​သောအိမ်​ကြီးသာ သူမတွင်​ကျန်​​တော့သည်​။

××××××××××

ဒီမနက်​ ထိုဆရာနှင့်​ ထိုင်​ခဲ့​သော​ကြေးအိုးဆိုင်​မှ အထွက်​အိမ်​သို့တန်းမ၀င်​ဘဲ သွား​နေကျDotaဆိုင်​သို့ဝင်​ထိုင်​မိသည်​။ Dotaဆိုင်​ထဲဝင်​လိုက်​​တော့ ထင်​သည့်​အတိုင်း ​လေဗွာဆိုသည့်​ သူငယ်​ချင်းအရင်း​ခေါက်​​ခေါက်​ကြီးက ကြိုးစားပမ်းစား ​​အောက်​လုံး​တွေ​ရေရွတ်​ရင်း ဂိမ်းအပီထိုင်​နှိပ်​​နေသည်​​လေ..။

" မင်းတမနက်​လုံးဘယ်​​ပျောက်​ "

သူ့​ဘေးတွငိ လာထိုင်​​သောကျ​နော့်​အား ​မေးခွန်းဆုံး​အောင်​ထိမ​မေးနိုင်​ဘဲ ဂိမ်းထဲတွင်​ဈာန်​၀င်​​နေသည့်​ထို​ကောင်​။ လွန်​ခဲ့​သောရက်​အနည်းငယ်​ခန့်​ကလည်း ကျ​နော်​သူ့လိုမျိုးGameကို ရူးရူးမူးမူးစွဲလမ်းဖုးသည်​။

" နူးညံ့တယ်​!"

လေဗွာကြားနိုင်​မည်​မထင်​။ ကျ​နော်​တီးတိုး​ရေရွတ်​မိသည်​...တကယ်​ကိုခဏ​လေးပါဘဲ။ သူကျ​နော့်​ပါးပြင်​​ပေါ်ထိ​တွေ့သွား​သောတခဏ ကျ​နော့်​ရင်​ထဲတွင်ကြည်​နူးမှုဆိုသည့်​နာဂစ်​မုန်​တိုင်း​လေးဝင်​တိုက်​သွားသည်​​လေ။ သို့​ပေမဲ့ တဆက်​တည်းမှာပင်​ "ငါက အ​ခြောက်​လား" ဟူသည့်​ကွကိုယ်​သိမ်​ငယ်​​စေသည့်​​မေးခွန်း​ကြောင့်​ရှက်​မိသည်​။ ထို​အ​တွေး​ကြောင့်​ ရှက်​သလိုဖြစ်​ကာ ဒီမနက်​က ဆရာ​ရှေ့မှအမြန်​ဆုံး​ပြေးထွက်​လာခဲ့သည်​။

Between UsWhere stories live. Discover now