အပိုင်း-7

2.5K 160 6
                                    

      \Between Us\

အပိုင်း၇

ငါးရှဥ့်​​ဆေးခါး, ငါးဒုက္ခ, အရွက်​​ကြော်​စုံများနှင့်​ စားချင်​စဖွယ်​ရှိ​နေ​သော ဦးစိုင်း​အောင်​​ခေးတို့၏ သားအဖထမင်းဝိုင်း။
ဦးစိုင်း​အောင်​​ခေးက သ​ဘောမ​နော ​ကောင်း​သူပီပီ ကျ​နော့်​ပန်းကန်​ထဲသို့ ဟင်းများဇွတ်​ထည့်​​ပေး​နေသည်​မှာ ထမင်း​တောင်​မ​ပေါ်​တော့။

  သားဖြစ်​သူ ဆွမ်​​ခေးက ပလုတ်​ပ​လောင်းဖြင့်​ အစားစားရင်း စကား​ပြောလျှင်​ ဦးစိုငိး​အောင်​​ခေးက ​ခေါက်​လိုက်​ သားအဖချင်းစကားများလိုက်​နှင့်​ သူတို့၏ ထမင်းဝိုင်းတွင်​ စိုစို​ပြေ​ပြေ​လေးရှိ​နေသည်​။

" ဆရာ တို့က သားအမိနှစ်​​ယောက်​ထဲလား..."

"ဟုတ်​ဦး...အိမ်​မှာ ကျ​နော်​ရယ်​ကျ​နော့်​​မေ​မေရယ်​ဘဲ​​နေတာပါဦး.."

"အိမ်း!! ဆရာကလူလွတ်​လား..."

"အစ်​...အစ်​...."

ရုတ်​တရက်​ တအုအုတအစ်​အစ်​နဲ့ အသံထွက်​လာ​သော.တပည့်​​ကျော်​ဆွမ်​​ခေး။

သူ့လည်​ပင်းသူ ကိုင်​ရင်းမျက်​နှာ တပြင်​လုံးနီတက်​လာ​သော ဆွမ်​​ခေး၏ ပုံကို ဦးစိုင်း​အောင်​​ခေးက ကပျာကယာဖြင့်​...

"ပါး...ငှက်​​ပျောသီးသွားယူ​ပေးမယ်​...သား...။ ဆရာ သားကိုတသ်​ခုခု​လေးလုပ်​ထား​ပေးပါဦး...သားငါးအရိုးဆူး​နေလို့..."

ကျ​နော်​လည်း ​ကြောင်​အမ်းအမ်းဖြစ်​​နေရင်းမှ ငါးအရိုးစူးသည်​ဟု​သော.စကား​ကြောင့်
ခပ်​မြန်​မြန်​ပင်​ ဟင်းဖြင့်​မနယ်​ရ​သေး​သေယထမင်းဖြူကို လက်​တစ်​ဆုပ်​ဆုပ်​လိုက်​ကာ
ဆွမ်​​ခေး၏ ပါးစပ်​သွင်းသို့အမြန်​သွင်းလိုက်​သည်​။

" မြိုချ...ဟုတ်​ပီ..."

ထမင်းတစ်​ဆုပ်​မြိုချလိုက်​​တော့ ငါးအရိုးကျသွားဟန်​ရှိသည့်​ ​ကောင်​​လေးက လက်​အမူအရာဖြင့်​ ​ရေခပ်​​ပေးရန်​​ပြော​နေသည်​မို့ ​ရေ​အေးတစ်​ခွက်​ကို ငှဲ့​ပေးလိုက်​သည်​။
လန့်​သွားဟန်​ရှိသည့်​ ထို​က​လေးက ​ရေကိုတဂွပ်​ဂွပ်​​သောက်​​နေသည့်​ပုံက ခုနှစ်​ရက်​​ရေမ​သောက်​ရသည့်​လူအလား။

Between UsWhere stories live. Discover now