*ကိုကို*4

6.3K 723 42
                                    

ယူစရာလည်းများများစားစားမရှိသည်​မို့
အဝတ်​အစားထုပ်​​လောက်​သာယူပြီး​ဘေဘီ့လက်​ကိုဆွဲကာထွက်​လာလိုက်​သည်

"နှုတ်​ဆက်​ချင်​တဲ့သူရှိ​သေးလား ​ဘေဘီ"

ခပ်​သာသာ​ခေါင်းခါပြသည်​မို့အရင်​သာလက်​ကိုဆွဲ၍ကားဆီ​လျှောက်​သွားလိုက်​တယ်
တစ်​ခါတစ်​ရံ​မော့ကြည့်​​ပေမယ့်​ပြန်​ကြည့်​လိုက်​တာနဲ့အကြည့်​လွှဲသွားတဲ့မျက်​ဝန်း​လေး​တွေ
လက်​ဖဝါးအကြီးကြီးထဲမြုပ်​​နေတဲ့လက်​​သေး​သေး​လေး
မြင်​​နေရတဲ့ဆံပင်​အုံ့အုံ့​လေး​တွေ

ချစ်​တယ်
ကျွန်​​တော်​သူ့ကိုချစ်​တယ်
က​လေးချစ်​တတ်​တယ်​ဆိုတာထက်​ကျွန်​​တော်​သူ့ကိုပိုချစ်​တယ်

သူများက​လေး​တွေလို
ချစ်​ဖို့​ကောင်းတဲ့အမူအရာ​တွေမလုပ်​ပြ​ပေမယ့်​လည်းချစ်​တယ်
ချစ်​ဖို့​​ကောင်းတဲ့အမူအရာဆိုလို့ဒီ​ဘေဘီဟာကျွန်​​တော့်​ကိုစကား​တောင်
ဆယ်​ခွန်းပြည့်​​အောင်​မ​ပြော​သေးပါ​လေ
လက်​​ပေးလိုက်​တုန်းကလိုက်​ခဲ့ပြီးလမ်းတစ်​​လျှောက်​လုံးဘာမှလည်းမ​မေးပဲလိုက်​လာခဲ့တာ

ဒီ​ဂေဟာကလူ​တွေက​တော့​ပျော်​​နေမှာ​ပေါ့
သူတို့စိတ်​ထဲကံဆိုးတဲ့လူတစ်​​ယောက်​ထွက်​သွားတာကလွဲလို့ဘာမှထူးထူးခြားခြားခံစားမိမှာမှမဟုတ်​တာ

ကားထဲဝင်​ထိုင်​ပြီးသည့်​အထိသူ့ကိုဘာစကားမှမ​ပြော

"​ဘေဘီ"

လှည့်​ကြည့်​​ဖော်​​တော့ရသား

"အင်း
ဘေဘီကခုကစပြီးKim Kyung Sooဖြစ်​သွားပြီ​နော်
Ommaနဲ့appaကိုလည်းမ​ကြောက်​နဲ့
*​ကြောက်​မှာလည်းမဟုတ်​​ပေမယ့်​​ပေါ့*
တစ်​ခုခုလိုတာရှိလည်းကိုကို့ကို​ပြော
အားမနာနဲ့ အင်း ပြီး​တော့"

သူ့ပုံစံကအလုပ်​အတွက်​interview​ဖြေတဲ့အတိုင်း
ပျာယာခတ်​​နေပုံကိုတစ်​ချက်​ကြည့်​ပြီး​ဘေဘီက​​ခေါင်းငုံ့ကာနှုတ်​ခမ်းတွန့်​ရုံရယ်​တယ်
ရယ်​တယ်​ ​ဘေဘီရယ်​တယ်

"​ဘေဘီ ခုနကရယ်​လိုက်​တာလားဟမ်​"

ပုခုံးစွန်းနှစ်​ဖက်​ကိုကိုင်​ကာ​မေး​တော့သူမဟုတ်​သလို​ခေါင်းခါပြတယ်

ကိုကိုWhere stories live. Discover now