*ကိုကို*13

5.4K 614 91
                                    

"​ဘေဘီ လာ​လေ အဝတ်​​ရွေး​ပေးမယ်​ဆို အဲ့မှာဘာလုပ်​​နေတာလဲ
Ommaသွားပြီလား"

အဝတ်​ထုတ်​​ပေးထားမယ်​ဆိုပြီး​ပြောထားတဲ့က​လေးဟာ ထွက်​လာ​တော့အခန်းပြင်​မှာမတ်​တပ်​ရပ်​​နေတဲ့အပြင်​သဘက်​ကလည်း​အောက်​ပြုတ်​ကျလို့

အနားသွား​တော့မျက်​နှာကဖြူဖတ်​ဖြူ​ရော်

"​ဘေဘီ ​ဘေဘီ ​နေမ​ကောင်းဘူးလား"

ပုခုံးနှစ်​ဖက်​ကိုကိုင်​ကာ​မေး​တော့မှ အခုမှအသိဝင်​လာသူလို
ယောင်​ယမ်းယမ်းနဲ့လှည့်​ကြည့်​​လေသည်
ပြီးတာနဲ့ရင်​ခွင်​ထဲဝင်​ကာအတင်းဖက်​ထား​တော့သည်

ခါးမှာtowelခပ်​ကြီးကြီးတစ်​ထည်​ပဲပတ်​ထားတဲ့အပြင်​အ​ပေါ်​ပိုင်းက​ရေ​တွေ​တောင်​​သေချာမသုတ်​ရ​သေး
အရင်​​တွေကဘာမှမဖြစ်​​ပေမယ့်
ခုအ​ခြေအ​နေကတကယ်​....

လက်​ကိုချထားရမလိုပြန်​ဖက်​ရမလိုလုပ်​​နေရင်းမှ
ရင်​ဘတ်​နားမှာခံစားလိုက်​ရတဲ့နှာ​ခေါင်း​လေး​နွေးသလိုဖြစ်​​နေတာ​ကြောင့်​​ကျော​လေးကိုခပ်​ဖွဖွပုတ်​​ပေးလိုက်​သည်

ဘေဘီကသူဝမ်းနည်းစရာ သို့မဟုတ်
ဒေါသထွက်​တာဖြစ်​ဖြစ်​ဘယ်​​တော့မှမျက်​ရည်​မကျတတ်​ပဲနှာ​ခေါင်းလုံးလုံး​လေးကပဲနီပြီး​နွေးလာတတ်​တာ

အိမ်​ကိုအမြဲလာတတ်​တဲ့​ကြောင်​က​လေးဆုံးသွားတုန်းကလိုမျိုး
.
သူကြိုးစားပမ်းစားဆွဲထားတဲ့ပုံ​လေး​တွေ​ရေစိုသွားတုန်းကလိုမျိုး
.
ကျောင်းကဘတ်​စ​ကတ်​​ဘောပြိုင်​ပွဲမှာကျွန်​​တော်​တစ်​​ယောက်​​ယောက်​နဲ့တိုက်​မိလို့လဲကျသွားသလိုမျိုး

အခုလည်းအဲ့လိုဖြစ်​​နေ​တော့တာ...

ခဏကြာမှသူ့ဘာသာဖက်​ထားရာကလွှတ်​ပြီးအဝတ်​​တွေသွား​ရွေး​နေ​တော့တယ်

ပြီး​တော့သူ့ဘာသာအပြင်​ထွက်​သွားပြန်​​ရော
ကျွန်​​တော်​ကသာလိုက်​ကြည့်​​နေတာထိုက​လေးက​တော့ကျွန်​​တော့်​ကိုတစ်​ချက်​​တောင်​လှည့်​မကြည့်​သွား

အားလုံးပြီးလို့အပြင်​ထွက်​လိုက်​​တော့​ဘေဘီကဧည့်​ခန်းမှာဒူးနှစ်​ဖက်​​ထောင်​ကာ​ခေါင်း​မှောက်​ရင်းပုံ့ပုံ့​လေးထိုင်​​နေသည်

ကိုကိုWhere stories live. Discover now