*ကိုကို*21

3.4K 338 7
                                    

လူမှန်းသိတတ်ခါစတည်းကအဖေနဲ့အမေဟုခေါ်သော
လူနှစ်ဦးထံမှရန်ဖြစ်သံများကိုနေ့စဉ်နှင့်အမျှကြား
ရသည်
ထိုအချိန်တိုင်း နားလည်းမပိတ်ထား
ငိုလဲမငို
ဘာခံစားချက်မှမရှိသောမျက်လုံးအသေများဖြင့်သာ
ကျွန်တော်ကြည့်တတ်သည်
တွေ့ရာနဲ့ကောက်ပေါက် အပြန်အလှန်ရန်ဖြစ်နေကြ
သောလူနှစ်ဦးကြားနေရသည်မှာ
စိတ်မကောင်းခြင်းအလျဉ်းမရှိ

ရန်ဖြစ်ပြီးတိုင်း နင့်ကြောင့်
နင်မွေးလာလို့ဒီလိုဖြစ်ကုန်တာ..
နင့်ကြောင့်စီးပွားပျက်တာ...အစရှိသဖြင့်
ပြောသောစကားများကိုလည်းကောင်း
နှစ်ယောက်လုံးထံမှဒေါသဖြေချင်သည့်အခါ
ရိုက်နှက်သည်ကိုလည်းကောင်း
ထုံလွန်းနေ၍ဘာမှမခံစားရ

တစ်နေ့တော့ထိုလူနှစ်ယောက်အကြီးအကျယ်ရန်ဖြစ်
သည်
ကွာရှင်းကြမည်ဟူသောစကားကို
လုပ်စရာမရှိ၍ ဖွင့်ထားသော TVများထံမှ
ကြားဖူးမြင်ဖူးသောအခါ
အတူတူမနေကြရတော့မှန်းငါးနှစ်အရွယ်ဦးနှောက်က
နားလည်နေပြီဖြစ်သည်
တူတူမနေရတော့ရောဘာဖြစ်လဲ
မနေရတော့ရောဘာဖြစ်လဲ
ဘာမှထူးခြားမည်မဟုတ်
TVထဲမှကလေးများကငိုယိုနေကြသော်လည်း
ကျွန်တော်ကဘာမှမဖြစ်

ထိုနေ့သည်မိုးသည်းထန်စွာရွာနေသည်
လျှပ်စီးများလက်ကာ သစ်ပင်များလည်းကြမ်းတမ်းစွာ
ယိမ်းနေသည်
ရှုပ်ပွနေသောအခန်းထဲရှိ စောင်ပါးလေးခြုံကာ
လှဲနေသောကျွန်တော့်အား
Ommaလို့ပင်လက်ငါးချောင်းပြည့်အောင်မခေါ်ဖူး
သောမိန်းမသည် အခန်းထဲမှခေါ်ထုတ်၏

ငါတို့်ကကွာရှင်းတော့မှာ
နင့်ကိုဘယ်သူမှတာဝန်မယူနိုင်ဘူး
နင့်လိုကံဆိုးတဲ့လူကိုမွေးလိုက်လို့ဒီလိုဖြစ်ကုန်တာဟူ၍ ကယောင်ကတမ်းပြောသောစကားများကို
မှတ်မိနေသေး၏
အဝတ်ထုတ်ကိုဆွဲ ကျွန်တော့်လက်တစ်ဖက်ကို
ကိုင်ကာအိမ်အောက်ဆင်းလာတော့ မည်သူ့ကားမှန်း
မသိသောကားတစ်စီးကအဆင်သင့်ရပ်နေ၏

ကားမောင်းသူနေရာတွင်အဖေဆိုသောသူထိုင်နေ
သည်။ထို့နောက်မိုးထဲလေထဲတွင်ကားသည်
အတန်ကြာမောင်းနှင်လျက်ရှိသည်
ကျွန်တော်ဘာတစ်ခွန်းမှမမေးဖြစ်ပါ
မိုးရေစက်များကိုပင်သဲသဲကွဲကွဲမမြင်ရသော
မှောင်နေသည့်ပတ်ဝန်းကျင်ကိုကြည့်၍
လိုက်လာ၏

ကားရပ်လိုက်သောအခါ မလှမ်းမကမ်းမှအဆောက်အဦးကိုမြင်နေရသည်
အခြားနေရာများတွင်တော့ကျွန်တော်နေထိုင်ခဲ့သည့်
နေရာကဲ့သို့အိမ်များစွာမရှိပါ
ထိုအဆောက်အဦးတစ်ခုတည်းသာရှိပါသည်

ကားတံခါးဖွင့်၍ဆင်းစေပြီး
နှစ်ယောက်လုံးဆင်းလာကြ၏
အဖေဆိုသူကကျွန်တော့်ပုခုံးနှစ်ဖက်ကိုကိုင်ကာ
အဆောက်အဦးထံလျှောက်သွားဖို့ပြောပါသည်
အဖေအမေဘယ်သူလဲမေးရင်မဖြေရန်လည်းမှာသေးပါသည်
မိုးရေထဲအော်ပြောနေရသောနှစ်ယောက်ကိုကြည့်ကာ
ကျွန်တော်ခေါင်းညိတ်လိုက်တော့
ချက်ချင်းပင်အဝတ်ထုတ်ကိုလက်ထဲပေးခဲ့ကာ
ကားပေါ်တက်၍လာရာလမ်းသို့မောင်းသွားကြသည်

တဖြည်းဖြည်းဝေးသွားသောကားမီးရောင်ကို
ကျွန်တော်နေရာမှမရွေ့ပဲအတန်ကြာကြည့်နေမိသေးသည်
ရိုက်နှက်ခြင်းကြောင့်မဟုတ်ပဲ
ကျွန်တော်ပထမဆုံးကိုင်ဖူးသောအမေ့၏လက်နှင့်
မိုးရေများကြားထဲမှပခုံးကိုထိတွေ့ခဲ့သော
အဖေ့၏လက်တစ်စုံသည်
စွန့်ပစ်သည့်အနေနှင့်ရခဲ့သည့်အချင်းအရာများ
ဖြစ်ပေလိမ့်မည်

မလှုပ်မယှက်ပဲနေမိသောအခါနှုတ်ခမ်းများပင်
တုန်လာပြီးတစ်ကိုယ်လုံးအေးစက်လာတော့သည်
ထို့ကြောင့်လာခဲ့သည့်လမ်းကိုကျောခိုင်း၍
မြင်နေရသောအဆောက်အဦးရှေ့သို့သာ
လျှောက်သွားလိုက်ပါတော့သည်...

9:55PM
969 words
Wednesday
17.11.2018
ဒါကတော့kyungsooရဲ့povလေး
အနည်းငယ်ပါနော်
ဒီရက်အတွင်းမှာပဲဆက်ဖြစ်တာကို
တင်ပေးပါ့မယ်
ပြီးတော့ပြောချင်တာကဒါကိုဖတ်ပြီး
မိဘကဒီလိုလုပ်နိုင်ပါ့မလားတွေးမယ့်သူ
ရှိကောင်းရှိနိုင်ပါတယ်
အဲ့တော့ လုပ်နိုင်ပါတယ်
မိဘတိုင်းသားသမီးကိုချစ်တယ်ဆိုတဲ့စကားကို
ညီမကတော့ရယ်စရာလို့ပဲသတ်မှတ်ပါတယ်
မိဘတိုင်းသားသမီးကိုသာချစ်မယ်ဆိုရင်
ရက်ရက်စက်စက်အပစ်ခံရတဲ့ အသတ်ခံရတဲ့
ကလေးငယ်တွေဒီကမ္ဘာမှာမရှိပါဘူး
ဒီ့ထက်ပိုပြည့်စုံအောင်ရေးပြချင်ပေမယ့်
ဒီအကြောင်းကိုအဓိကရေးထားတဲ့
ficမဟုတ်တာရောအရည်အချင်းနည်းပါးလွန်းတာရောကြောင့်
အရင်ဆုံးဒီလောက်ပဲရေးပေးနိုင်တာခွင့်လွှတ်ပါ
ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ♥❣

ကိုကိုWhere stories live. Discover now