"ဘေဘီ"
အက်ရှရှအသံအဆုံးမှာ လှည့်ကြည့်လာတဲ့မျက်ဝန်းအစုံ
တကယ့်ကိုကျွန်တော့်ဘေဘီပါပဲ
ဝိုင်းစက်စက်မျက်ဝန်းလေးတွေ
အသည်းယားရင်ဖွဖွလေးကိုက်နေကျနှာခေါင်းလေး
နှုတ်ခမ်းဖူးဖူးလေး
ဘယ်လောက်တောင်လွမ်းနေရသလဲမျက်ဝန်းထဲချက်ချင်းဖမ်း၌မရသောအရိပ်အယောက်များစွာပြေးဖြတ်ပြီးနောက်မတ်တပ်ရပ်လာသည်
တစ်ခုခုပြောမယောင်နှုတ်ခမ်းကပွင့်သွားပြီးမှချက်ချင်းပြန်ထိန်းလိုက်သည်"ဘေဘီ ကိုကိုလေ
ကိုကိုလေ ကလေးရယ် မမှတ်မိဘူးလားဟင်"မျက်ရည်တွေဝဲကာကယောင်ကတမ်းပြောနေပုံကိုဘေးလူတွေကဝိုင်းကြည့်နေသည်
ရုတ်တရတ်ဖြစ်သွားပုံကိုသူတို့လည်းအံ့သြနေပုံရသည်ပါးနှစ်ဖက်ကိုကိုင်ထားသောလက်အားခပ်ကြမ်းကြမ်းဖြုတ်ချ၍အနောက်ကိုဆုတ်သွားသည်
"ဘေဘီ"
မမှတ်မိဘူးလားဆိုတဲ့စိတ်နဲ့မယုံနိုင်စွာခေါ်ပြန်တော့ပြန်ရလိုက်သည်ကဘေးကသူ့တပည့်ဟုထင်ရသောလူကိုအမိန့်ပေးသံ
"မင်းတို့တွေတံခါးကိုသေချာမပိတ်ထားဘူးလား
အလုပ်လုပ်နေမှန်းတောင်နားမလည်ဘူးလား
ဟမ်"အော်သံနဲ့ဒူးကိုကန်လိုက်သည်
"အကိုလေးကပြီးရင်ဝင်လာမှာမို့လော့မချနဲ့ပြောထားလို့ပါ"
"တော်တော့ ဒီလူကိုအခုဆွဲထုတ်သွား
ထပ်မဝင်လာစေနဲ့"အမိန့်ပေးသံအဆုံးကြောင်ကြည့်နေသောကျွန်တော့်အားလူနှစ်ယောက်ကလာဆွဲထုတ်ဖို့လုပ်သည်
ဘေဘီ့ကတော့သူ့နေရာမှာပြန်ထိုင်နှင့်နေပြီ
ဒီလိုနဲ့ ပြီးသွားမှာလား
အဲ့လိုဖြစ်လို့်မရဘူးလေ
ငယ်ငယ်ကလိုမဟုတ်တော့ရင်တောင်
ပြောင်းလဲသွားရင်တောင်ကျွန်တော့်ဘေဘီကဘေဘီပဲလေ