Precious

10.7K 666 23
                                    

Zawgyi

ခြံရှေ့ကားရပ်လိုက်သည်နှင့်

"တောက်စ်!!! "

ထောင်းခနဲထွက်လာတဲ့ဒေါသနဲ့အတူ
ကားပေါ်က ဆင်းကာ
ခြံတံခါးမှာလာချိတ်ထားကြတဲ့
မျိုးစုံသော အရုပ်ကြီးငယ်တို့နဲ့ လက်ဆောင်ပန်းတွေကို
ဖြုတ်ပြီး နင်းခြေပစ်လိုက်သည်

"သူ..သူဌေး..."
အထိတ်ထိတ်အလန့်လန့်နဲ့ ပြေးလာတဲ့ခြံစောင့်ဦးလေးကြီး..

"ခင်များ ဘယ်သွားနေလို့ ခြံရှေ့မှာ ဒါတွေရောက်နေရတာလဲ
ဟမ်! ကိုယ့်တာဝန်ကို ကျေပွန်အောင်မလုပ်နိုင်ရင် အလုပ်ထွက်လိုက်တော့ "

"တောင်းပန်ပါတယ် ဦးလေးtoiletလေး ခဏသွားနေတုန်း
လာထားသွားကြတာပါ နောက်မဖြစ်စေရပါဘူး သူဌေးရယ်
အလုပ်တော့မထွက်ပါရစေနဲ့ "

ဦးလေးကြီးက တောင်းပန်စွာပြောလာသည်မို့
Jonginစိတ်ကိုလျော့လိုက်သည်

ကလေးငယ်သည်လည်း ဦးလေးကြီးကို ခင်နေသည်မို့
ဦးလေးကြီးသာ အလုပ်ထွက်သွားလျှင်
Jonginကို အမျက်တော်ရှပေလိမ့်မည်

"ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ အခုချက်ခြင်း ဒီပစ္စည်းတွေ သွားလွင့်ပစ်ပါ "

"ဟုတ်ကဲ့..."

ခြံစောင့်ဦးလေးကြီးက အရုပ်တွေရော
ကြေမွနေပြီဖြစ်တဲ့ ပန်းစီးတွေပါ
အလျင်စလိုလိုက်ကောက်နေသည်

အဲ့တော့မှ Jonginကားပေါ်ပြန်တက်ကာ
ခြံထဲကို မောင်းဝင်လာခဲ့သည်

👬👬👬👬👬👬👬👬👬👬👬👬

အခန်းတံခါးကို တွန်းဖွင့်ဝင်လိုက်သည်နှင့်
ဖောင်းကားနေတဲ့ စောင်ပုံကြီးကို အရင်မြင်လိုက်ရသည်

ကလေးငယ်ဟာ အအေးသိပ်ကြောက်တတ်တာပဲ...

ထိုစောင်ပုံကြီးကြားထဲမှာ နစ်နေတဲ့ ကလေးငယ်ငယ်..

ကုတင်ပေါ်အသာတက်ကာ
စောင်ပုံကြားထဲလူကို မနည်းဖော်ယူရသည်

ကြည့်ပါဦး....
အိမ်မောကျနေတဲ့ကလေးငယ်ဟာ
သိပ်ကိုမှ ချစ်စရာကောင်းလှပါရဲ့

ပကတိဖြူစင်တဲ့ မျက်နှာလေးဟာ
ပြည့်ဖောင်းလို့....
ဆေးမကူတဲ့ နှုတ်ခမ်းထူထူတွေဟာ
Jonginရဲ့သမာဓိကို သိပ်စမ်းသပ်တတ်ကြသည်....

Preciousحيث تعيش القصص. اكتشف الآن