ပိုကိုပိုတဲ့Kim Jongin

3.3K 390 32
                                    

Zawgyi

ကိုကို စိတ်​ဆိုး​နေတာများလား?

မနက်​ ​ကတည်းက Junတို့ Baekတို့နဲ့
စကား​တွေ​ပြောရင်း သတိထား​နေမိခဲ့တာ....

ငြိမ်​ချက်​သား ​ကောင်း​နေတဲ့ ကိုကို့ကို​ပေါ့

Yixing Geနဲ့​တော့ စကား​ပြော​နေတဲ့ကိုကိုက Kyungsooကို​တော့
မေးတစ်​ခွန်း ​ဖြေတစ်​ခွန်းဖြစ်​​နေသည်

မနက်​ အိပ်​ရာနိး​တော့ နှဖူးပြင်​​ပေါ်ကျ​ရောက်​လာမြဲ အနမ်းတစ်​ခုကို
မျှော်​​နေမိခဲ့ပြီးမှ 

"Kyungie ထ!"ဆိုတဲ့ အသံစူးစူး​တွေ
ကြားမှ အတူအိပ်​​နေတာ
Junတို့နဲ့မှန်း သတိရမိ​တော့တယ်​😅

ကိုယ့်​ဘာသာ ရယ်​လိုက်​မိသည်​...

ဒါမျိုးအကျင့်​ရဖို့ ဆိုတာလည်း
မနက်​တိုင်း မြတ်​မြတ်​နိုးနိုး အနမ်းတစ်​ပွင့်နဲ့ နှိုးတတ်​တဲ့ ကိုကို့လို လူ ကို ရထားမှသာ ဖြစ်​နိုင်​တာ.....😪

Kim Jonginနမ်းမှ အိပ်​ရာ ထမယ်​ ဆိုတာမျိုး😎

ဒီ​နေ့က​တော့ ဒီဟာ​တွေ​ကောင်းမှုနဲ့
ကိုယ့်​ဘာသာထပြီး ကိုယ်​လက်​သန့်​စင်​ကာ အခန်းထဲက ထွက်​လာခဲ့တယ်

ကိုကို့ကိုလည်း မ​တွေ့ရ​သေးတာမို့
အောက်​ထပ်​ကို အမြန်​ဆင်းလာလိုက်​တယ်​ တစ်​ည​လေးပဲ ခွဲရတာကို
Kyungsooက​တော့ ကိုကို့ကို
လွမ်း​နေမိပြီ....

အမယ်​....​အောက်​​ရောက်​​တော့
ကိုကိုက
Yixing Geနဲ့ မုန့်​​တောင်​စစား​နေပြီ....
Kyungsooကို​တောင်​ မ​စောင့်​ပဲနဲ့​လေ....

"မနက်​စာက ရှယ်​ပဲ Junအကြိုက်​​တွေ "
ဆိုကာ အခုမှ ဆင်းလာကြပြီး
စားပွဲ​မှာ ဝင်​ထိုင်​ကြ​လေတဲ့
ချစ်​လှစွာ​သော ​သူငယ်​ဂျင်းကြီး​တွေ

Yixing Geက Junကို မြင်​တာနဲ့
Jun လာဆိုကာ သူ့​ဘေးမှာ
ထိုင်​​စေပြီး ​သီးစုံ ထမင်း​ကြော်​ကို
ပန်းကန်​ထဲ ထည့်​ယူ​ပေးသည်
ကော်​ဖီပူပူ​တွေကိုလည်း ဂရုတစိုက်
Junအတွက်​ မှုတ်​​ပေး​နေ​သေးသည်

Kyungsooမှာ​တော့ ကိုကိုက ​မော့​တောင်​မကြည့်​ဘဲ မနက်​စာကိုသာ ငုံ့စား​နေသည်​ ထမင်း​ကြော်​ကိုလည်း ကိုယ့်​ဘာသာ
ထည့်​​နေရသည်​😢

PreciousWhere stories live. Discover now