အကြံကြီးတဲ့ Kim Jongin

5.3K 481 19
                                    

Zawgyi

"ကိုကို...."

နောက်နားကထွက်လာတဲ့ အသံချိုချိုလေး...
ဘေဘီ လိုချင်တာရှိတဲ့အခါမျိုးမှာပေါ့..
ညနေ ကုမ္ပဏီက ပြန်ရောက်ကတည်းက
Jonginကို ခိုးခိုးပြီး ကြည့်နေတဲ့ကလေးငယ်ကို
မသိချင်ယောင်ဆောင်နေတာ

"ကိုကို...."

"..........."
ဟော် နောက်ထပ်တကြိမ် ..
သူ့အားပြန်မလှည့်ကြည့်၍
အလိုမကျသံတို့က မှုန်မှုန်လေး ရောယှက်လျက် ထွက်လာပြန်လေရဲ့

"ကိုကို!ဆိုနေ! "

တွေ့လား ဘယ်လောက်မှမခေါ်ရသေးဘူး
toneက မြင့်လာပြီ
တကယ်...တကယ်...ဘေဘီစိတ်တိုလေး

ဟားဟား

"ဟာ...ဒီမှာ ခေါ်နေတာကိုပြန်မထူးပဲနဲ့ ရီနေတယ်
ကဲဟာ..."

Jonginရယ်နေတော့ ရှက်ရမ်းရမ်းသွားတဲ့ဘေဘီက
သူထိုင်နေတဲ့ ကုတင်ပေါ်ကနေ
Jonginထိုင်နေတဲ့ စားပွဲနားထိ လျှောက်လာကာ
ထုရိုက်ပါလေရော...

ချစ်စရာကောင်းလွန်းလိုက်တာ ကလေးငယ်ရယ်...

"ဟုတ်ပြီ...ဟုတ်ပြီ..ကိုကိုက မရယ်တော့ပါဘူး ပြောပါဦး
ဘာဂျီကျဦးမှာလဲ "

"ဂျီကျရအောင် ဘေဘီက ကလေးလား>< "

မျက်မှောင်လေးတွေကုတ်နေတာကို ပြန်ဖြေပေးရင်း

"ဒါပေါ့...ကိုကို့အတွက်တော့ ကလေးပဲ
ပူတူးတူးလေး လုံးတုံးတုံးလေး "

ပြောရင်း ဖောင်းအိအိပါးပြင်ငယ်ကို မြတ်နိုးလွန်းစွာနမ်းရှိုက်လိုက်မိပြန်ရဲ့

"ဟော်...ကလေး ကလေးဆိုပြီး အသားယူတာ
ဘယ်က အဖိုးကြီးပါလိမ့် "

မျက်စောင်းလေးတဝံ့ဝံ့နဲ့ ကလေးငယ်

"ချစ်လို့ပါ ဘေဘီရယ် "

ဘေဘီ့ မျက်နှာလေးဟာလေ ရဲလို့ ရှက်သွားလေရဲ့
ဒီလို လှပတဲ့ရုပ်ကြွလေးတစ်ခုကို ပိုင်ဆိုင်ရတဲ့
ကိုကိုကတော့ သိပ်ကံကောင်းတာပဲကလေးရယ်

"ကဲ ခုဏက ဘေဘီဘာပြောမလို့လဲ "

Jonginက ပြန်အစဖော်ပေးမှ သူပြောမယ့် စကားကို
သတိရတဲ့ပုံပဲ ဒီကလေးနှယ်

PreciousWhere stories live. Discover now