လူကြမ်းကြီး Kim Jongin

6.3K 553 31
                                    

Zawgyi

အိမ်နဲ့ နဲနဲလေးလှမ်းတာနဲ့ ကားကို ခဏရပ်ကာ
နောက်ကြည့်မှန်ကနေ လှမ်းအကဲခတ်လိုက်တယ်
ခဏကြာအောင် ဘာမှမတွေ့ရတော့မှ
စိတ်ချကာ မောင်းထွက်လာခဲ့သည်

ကိုကိုလိုက်လာမည်စိုး၍...

Kyungsooက ကိုကို့ကို သိပ်ချစ်ပါသည်

ချစ်လို့လည်း မာနကြီးလွန်းပြီးဒေါသလည်းကြီးလွန်းတဲ့ ကိုကို့ကို Kyungsooကိုချစ်လာအောင်
ယောကျာ်းလေးတန်မဲ့ အမျိုးစုံကိုလုပ်ခဲ့ရသေးတယ်
သိချင်ကြလား?
ဖြည်းဖြည်းပေါ့ နောက်ကြုံမှပြောမယ်လေနော်😌

သို့သော်...သို့သော်...
အခုတော့ ကိုကို့ကို ခဏကလေးခေါက်လို့
ကဲမယ် ဆွဲမယ် 😍

သူကြီးပါလာရင်လေ အမလေး..လေး..
Kyungsooခင်မျာ
သားပိုက်ကောင်ငယ်လေးကြနေတာပဲ

Kyungsooကို သူ့အိပ်ကပ်ထဲ ထည့်ထားတော့မလားမှတ်ရတယ်

Kyungsooရဲ့ကိုကိုက အချစ်လည်း သိပ်ကြီးတာ😍
အဲ...အတိအကျဆို Kyungsooတစ်ယောက်တည်းအပေါ်မှာပဲ
အချစ်ကြီးတာ😎

တစ်ယောက်တည်းကိုနော်!
ကျွန်တော်Doh Kyungsooတစ်ယောက်တည်းကို!

မနာလိုမဖြစ်ကြပါနဲ့ 😌

ဆုတောင်းကြပါ 😌

နောက်ဘဝ Kim Jonginကြီးလို
ကျွန်တော်Doh Kyungsooကို ငုံထားမတတ်ချစ်တဲ့လူနဲ့
တွေ့ရပါစေလို့

အင်း...ပြည့်မယ်လည်းမထင်ပါဘူး😢

ဘယ်သူမှလည်း
Kim Jonginဆိုတဲ့လူကြီး လောက်ချစ်တတ်မှာမဟုတ်ဘူးလေ😌

သိလား..သိလား ကိုကိုကလေ Kyungsooကိုဆို ဖူးဖူးမှုတ်....တဖူးဖူးနဲ့😌

ကဲ ဂုဏ်ဆာရတာနဲ့ ကိုကို့ကို လွမ်းလာပြီ😥

Ring®®®

"ဟာ ဘေဘီ! ကားမောင်းနေတာ ဘာလို့ဖုန်းဆက်ရတာလဲကလေး
တစ်ခုခုဖြစ်ရင် ကိုကို ရင်ကျိုးရချည်ရဲ့
ပြန်ချလိုက် နောက်မှ ကိုကိုက ဖုန်းပြန်ခေါ်မယ် "

တွေ့လား..တွေ့လား...ဖူးဖူးမှုတ်ပါဆို😭

"ကိုကိုကလည်း ကိုကို့ကို လွမ်း...အဲ နေပါဦး
ခင်များကြီး ကျတော်ကားမောင်းနေမှန်းဘယ်လိုသိတာလဲ!
နောက်က လိုက်လာပြန်ပြီလား"

PreciousWhere stories live. Discover now