နှစ်ယောက်မရှိတဲ့Kim Jongin

4.3K 423 20
                                    

Zawgyi

ချစ်​သူနှစ်​​ယောက်​မှာ တစ်​​ယောက်​အ​ပေါ်မှာ တစ်​​ယောက်​ ဘယ်​သူက ပိုပြီးချစ်​တတ်​​သလဲ ????

ဒါကို ဘယ်​လို တိုင်းတာပြီး သိနိုင်​သလဲ?

အခြားသူနဲ့ သဝန်​​တွေတိုရင်​ ပိုချစ်​တာလား?

ကိုယ့်​ချစ်​သူကို ဘယ်​သူနဲ့ တွဲသွားသွား
အတူရှိ​နေ​နေ ယုံယုံကြည်​ကြည်​ ရှိ​နေရင်
ပိုချစ်​တာလား?

တစ်​​နေ့ကို အကြိမ်​​ပေါင်းများစွာ ချစ်​တယ်​လို့ ​ပြောရင်​ ပိုချစ်​တတ်သူ​လား?

တစ်​ခါတစ်​ရံမှသာ ချစ်​တယ်​လို့ ထုတ်​​ပြောတတ်​ရင်​​ရော ပိုချစ်​တတ်​သူပါလို့
ယုံကြည်​ရပါ့မလား?

ချစ်​ရသူကို အစစအရာရာ ဂရုတစိုက်​ရှိ​နေရင်​​ရော သိပ်​ချစ်​တာပဲတဲ့လား?

ဘာသိဘာသာ​နေတတ်​တဲ့သူက​ရော
အချစ်​​လျော့သည်​လို့ ​ခေါ်နိုင်​လား ?

နေ့တိုင်းမှာ လွမ်းဆွတ်​​​နေပြီး အလွမ်း​ငွေ့​ငွေ့စာသားလှလှ​တွေ ​ရေးစပ်​​နေသူ
ဆိုရင်​ သူ့ချစ်​သူကို သိပ်​ချစ်​တာလား?

ချစ်​သူအ​ကြောင်း တစ်​ခွန်း​တောင်​မဟတဲ့သူက​ရော ချစ်​တယ်​ဆိုတာ ဟုတ်​ရဲ့လား?

အချစ်​အတွက်​ အသက်​​ပေးရင်​​ သိပ်​ချစ်​တတ်​တာပဲတဲ့လား?

သက်​ဆုံးတိုင်​ ချစ်​ရသူ တစ်​​ယောက်​တည်းကို နှလုံးသားထဲ မြုပ်​နှံထားသူဆိုရင်​​ရော သိပ်​ချစ်​သူကြီးလား?

အရာရာက ကိုယ့်​သတ်​မှတ်​ချက်​​တွေပါပဲ
အချစ်​ဆိုတာလည်း ကိုယ်​ခံယူထားတဲ့ သတ်​မှတ်​ချက်​​ကိုလိုက်​ပြီးကွဲပြားသွားကြတာပါပဲ...

အချစ်​ကသာ ဘဝဆိုတာမျိုး...

ဘဝမှာ အချစ်ဆိုတာ $​ရေးမပါ,ပါဘူးဆိုတာမျိုး...

ပေးဆပ်​ခြင်း...ရယူခြင်း....ဆိုတာ​တွေ...

သူချစ်​​တွေ...ကိုယ်​ချစ်​​တွေ..

တစ်​ဖတ်​သတ်​​တွေ...

နီးလျက်​နဲ့...​ဝေး​နေတာ​တွေ...

PreciousWhere stories live. Discover now