#1

8.1K 380 25
                                    

Unicode

" ခန္ဓာကိုယ် အနေအထား မှားနေတယ်လေ... ဘယ်ဘက်ကို နည်းနည်းယိုင်... အာ... မဟုတ်သေးဘူး... ဟိုဘက်လူက ကိုယ့်ကို တိုက်ခိုက်လာရင် ကိုယ့်ဘက်က ရင်ဆိုင်ဖို့ အသင့်ဖြစ်နေရမယ်... "

" Taehyung "

Karateသင်တန်းမှာ သင်တန်းသားတွေကိုနည်းလမ်းပြပေးနေတုန်း အခန်းထဲကို ဝင်လာတဲ့ SeokJin

" ဟုတ်ပြီ... ခြေထောက် နောက်ကိုဆုတ်မယ်... "

" ဪ အတန်းရှိတာလား?"

လှည့်တောင်မကြည့်ဘဲ သင်တန်းသားတွေကိုသာ အာရုံစိုက်နေတဲ့ Taehyungကို Seokjinပြုံးကာ ကြည့်နေလိုက်သည်

Taehyungက အလုပ်ကို အာရုံစိုက်နေတဲ့အချိန် သိပ်ကို တည်ကြည်သည်
ဒါကြောင့် သူ့ကို စောင့်ရင်းနဲ့ လမ်းကနေ အိတ်နဲ့အပြည့်ဝယ်လာတဲ့ မုန့်တွေကို ဖောက်ကာ စားနေလိုက်သည်...

" ဝါးး အရသာရှိလိုက်တာ... "

ည ၈နာရီကျော်တာနဲ့

" hyung... SeokJin hyung  "

" ဟေ... ဟေ... အေး "

" ကျွန်တော် ည၈နာရီမှ သင်တန်းပြီးမယ်မှန်းသိရဲ့သားနဲ့ ဘာလို့ လာစောင့်နေတာလဲ? အိမ်ထဲ ဝင်နားနေပါ့လား၊ ခုလိုကြီး စောင့်ရင်းအိပ်တော့ ဇက်နာမှာပေါ့... "

အစ်ကိုဖြစ်သူ ထိုင်နေတဲ့နေရာကို ခါးကိုင်းလိုက်ရင်း ထိုချွေးသံရွှဲရွှဲနဲ့ကောင်လေးက စိုးရိမ်တကြီးပြောလာသည်

" အဲတာက ခဏထားဦး၊ ငါ မင်းကို ပြောစရာရှိတယ်.... "

Jinကသာ အလျင်စလိုဖြစ်နေပေမယ့် တစ်ဖက်လူကတော့ ဟောဟဲစိုက်နေပြီဖြစ်သည်

" အိမ်ထဲရောက်မှ ပြောတော့... ကျွန်တော် ပင်ပန်းနေပြီ... "

သိမ်းစရာရှိတာသိမ်းပြီး အိမ်ထဲကို ဝင်မယ်ပြင်နေတဲ့ Taehyungကို လှမ်းတားလိုက်ရသည်

" ဒီမှာ အေးဆေးပြောချင်လို့ကွာ... အိမ်ထဲဝင်ရင် မူးပြီးရစ်နေတဲ့ အဖေနဲ့ စကား ကောင်းကောင်းပြောရမှာ မဟုတ်ဘူး "

Taehyungလည်း သက်ပြင်းချလိုက်ကာ Jin hyung ဘေး ဝင်ထိုင်လိုက်ပြီး

" ပြော ဘာလဲ.... "

BODYGUARDWhere stories live. Discover now