#3

2.3K 286 13
                                    

Unicode

Jin Hyungကိုလည်း ဆက်စောင့်နေချင်စိတ်လည်း မရှိတာနဲ့ အိမ်ကိုသာ ပြန်လာခဲ့သည်...

ခုနကလူက မြို့တော်ဝန်ရဲ့သားဖြစ်မည်

လူကို သက်သက်စော်ကားသွားပုံများ

အိမ်ပြန်ရောက်တာနဲ့  sofaပေါ် ဖြစ်သလိုထိုင်ချလိုက်ကာ

' တစ်လအတွင်း ဒီပိုက်ဆံတွေကို ငါ ဘယ်လိုပြန်ဆပ်ရပါ့မလဲ... '

တွေးမိတိုင်း 'မွေးဖခင် လုပ်ရက်လိုက်လေခြင်း' ဆိုပြီး ရင်ဘတ်ကို ထုပြီး ငိုခဲ့ရတာသာ ပိုသည်... ဘာအကြံဉာဏ်မှ ထွက်လာခြင်းမရှိ...

Jin hyungပြောသလို မြို့တော်ဝန်သားဆီ သက်တော်စောင့်-

နေပါဦး မြို့တော်ဝန်သားဆိုတာ ခုနကလူ...! သိပ်ကို ဘဝင်လေဟပ်နေတဲ့လူဆီမှာ သက်တော်စောင့်လုပ်ဖို့ကလည်း ကိုယ့်လို အထိမခံစရိုက်မျိုးနဲ့ ဖြစ်မည်မထင်

သို့သော် ပိုက်ဆံရဖို့ကသာ အရေးကြီးလား?

မသိတော့ဘူး!!! ခေါင်းရှုပ်လာသည်နဲ့ အပြစ်မရှိသော အညိုရောင် ဆံနွယ်တွေကိုသာ လက်နှစ်ဖက်ဖြင့် ဆွဲဆောင့်နေမိသည်...

.............................................

" မင်းပြောသလိုဆို မင်းညီက သက်တော်စောင့်လုပ်ဖို့ အရည်အချင်းပြည့်တယ်ပေါ့... "

" ဟုတ်ပါတယ် မြို့တော်ဝန်... အခုထိတော့ သူလက်မခံသေးပေမယ့်... ကျွန်တော် သူ့ကို ကြိုးစားပြီး နားချကြည့်ပါ့မယ်... "

" မင်းညီသာ Jiminရဲ့ သက်တော်စောင့်လုပ်ရင်တော့ မင်းညီက မင်းလိုမျိုး သေချာပေါက်ငါ့လူဖြစ်မှာပဲ.. ဟိုကောင် Jimin...  ဘာလုပ်တယ်... ဘယ်သွားတယ်..ဘယ်လာတယ်,ကအစ ငါအကုန်သိရမှာ... "

" ဟုတ်ပါတယ်.... မြို့တော်ဝန်... "

" မင်းညီက အသက် ဘယ်လောက်ရှိပြီလဲ... "

" 22နှစ်ပါ... "

" အင်း လူငယ်ဆိုတော့လည်း ပိုသွက်လက်ပြီး ပိုကိုက်ညီမှာပေါ့... ငါ မင်းညီနဲ့ အခုတွေ့ချင်တယ်ရမလား karateခါးပတ်နက်ထိရထားတယ်ပေါ့ "

" ဟုတ်ပါတယ်.... ခါးပတ်နက်,တင်မက ပြိုင်ပွဲတွေမှာလည်း ဝင်ပြိုင်ဖူးပါတယ်... "

BODYGUARDWhere stories live. Discover now