#5

2.5K 293 52
                                    

Unicode

တိုက်ခန်းတစ်ခုရှေ့ရောက်တော့ ကားကို တွေ့တဲ့နေရာ ထိုးရပ်လိုက်သည်
ထို့နောက် Jiminက ကားခါးပတ်ကြိုးကို ဖြုတ်လိုက်ကာ

" မင်း ဒီမှာ နေခဲ့... ငါပြန်လာခဲ့မယ်... "

ထိုသို့ပြောကာ တိုက်ခန်းထဲဝင်သွားသည်
ကိုယ်ကလည်း သူ့စကားဆိုရင် သိပ်နားထောင်ချင်သူဖြစ်တာမို့ ကားပေါ်ကဆင်းပြီး သူတက်သွားတဲ့ ဓာတ်လှေကားရှေ့မှာ ရပ်နေလိုက်သည်

၂၄ထပ်ကို တက်သွားတာပဲ...
ဒါကြောင့် ကျန်ဓာတ်လှေကား တစ်ခုနဲ့ သူ့နောက်ကို လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်
သူလိုလူ သည်းသည်းလှုပ်ဖြစ်နေတဲ့ မိန်းကလေးက ဘယ်လောက်လှလို့လဲဆိုတာ သိချင်သည်လေ

ဓာတ်လှေကားနဲ့ တက်လာပြီး ၂၄ထပ်ရောက်တော့ စကားပြောသံတွေကြားနေရသည်
ဒါ Park Jimin အသံမလား

ဓာတ်‌လှေကားကနေ ထွက်လိုက်ကာ စင်္ကြံလမ်းဘက်ကို ကြည့်လိုက်တော့ မိမိကို ကျောပေးထားတဲ့ Jiminက မျက်နှာချင်းက မိန်းကလေးရဲ့လက်ကို မလွတ်တမ်း ဆုပ်ကိုင်ထားသည်

" ကိုယ် ဘာအမှားလုပ်မိလို့လဲ? ရောက်မယ်ပြောတဲ့အချိန်ထက် နည်းနည်းနောက်ကျသွားလို့လား? ကိုယ်တောင်းပန်ပါတယ် "

" Park Jimin!! စိတ်ကုန်နေပါပြီလို့ ပြောနေတယ်လေ တော်လိုက်ပါတော့ "

" ကိုယ် မင်းကို ချစ်တယ်လေ... ကိုယ် မင်းလိုချင်တာမှန်သမျှ ပေးနေတာပဲ၊ မင်း ဘာများလိုအပ်နေလို့လဲကွာ "

" ရှင်က ပျော့ညံ့လွန်းတယ် Jimin "

" ဟမ်? "

" ပြီးတော့ ရှင်က သိပ်လွယ်လွန်းတယ်... အခုဆို ရှင့်လို ပိုက်ဆံထောက်ပံ့ပေးနိုင်တဲ့သူတစ်ယောက်ရှိနေပြီ... သူက အမြဲ တက်ကြွနေတဲ့လူ... ငါ ဘယ်ချိန်လိုအပ်နေနေ သူ အဆင်သင့်ရှိတယ် "

ထိုစကားများအပြီး Jiminရဲ့ ထိုမိန်းကလေးရဲ့လက်ကို ဆုပ်ကိုင်မှုက လျော့ကျသွားကာ

" ငါက မင်းကို လက်ထပ်ဖို့ထိ ရည်ရွယ်ထားတာ မင်းကို တန်ဖိုးထားလို့!! မင်းသိလား! မင်း လိုအပ်နေတာက sexလား?! "

You've reached the end of published parts.

⏰ Last updated: Feb 02, 2022 ⏰

Add this story to your Library to get notified about new parts!

BODYGUARDWhere stories live. Discover now