#4

2.1K 289 19
                                    

Unicode

ကားပေါ်တွင် တိတ်ဆိတ်နေလေသည်...

အရှိန်ပြင်းစွာမောင်းနေသဖြင့် ပြိုင်ကား၏ ငြိမ့်ငြောင်းသော engineစက်သံမှ လွဲ၍ ဘာအသံမှ မကြားရချေ...
တော်တော်ကို စိတ်ထဲမှာ ကသိကအောက် ဖြစ်လှသည်...

တစ်ခါမျှသာ တွေ့ဖူးတဲ့လူတစ်ယောက်ရဲ့ ဆွဲခေါ်လာခြင်း ခံရသည်လေ
ပြီးတော့ ဘာမှ ဂဃနဏမသိဘဲ လိုက်လာရတာဆိုတော့

" အခုက ဘယ်သွားနေတာလဲ? "

" ကျစ်... ပါးစပ်လေး ပိတ်ပြီး လိုက်ခဲ့လို့ မရဘူးလား "

အမြဲ စိတ်က လက်တဆစ်နဲ့လူကို ပြန်ပြောဖို့လည်း စိတ်ကူးမရှိတာမို့ တစ်ဖက်ကိုသာ လှည့်လာလိုက်တော့သည်

၁၅မိနစ်လောက် မောင်းလာပြီး တစ်နေရာရောက်တော့ ကားကို ထိုးရပ်လိုက်လေသည်...
Park Jimin... ခင်ဗျား သိပ်ကို စိတ်မရှည်တာပဲ...

" ဆင်း... "

ကားခါးပတ်ကြိုးကို ဖြုတ်ရင်း ပြောလာတဲ့ သူ...

ကိုယ်လည်း စကားရှည်မနေချင်သဖြင့် မြန်မြန်သာ ကားပေါ်က ဆင်းလိုက်သည်..

သူဦးတည်သွားနေတာက ဆေးခန်းတစ်ခုလား? 
ဘာလုပ်မလို့ပါလိမ့်....

ဘာမှ စကား‌ဆက်မနေတော့ဘဲ သူ့နောက်သာ လိုက်လာခဲ့လိုက်သည်
ကိုယ့်ဘာသာ စိတ်ညစ်တာတောင် နားနားနေနေ မနေရဘူး

" Hoseok..  "

ဆေးခန်းထဲ ဝင်ဝင်ချင်း သူက စကား စ,လိုက်သည်..

သူခေါ်လိုက်တော့... အခန်းထဲက ထွက်လာတဲ့ Duty coatနဲ့‌ဆရာဝန်တစ်ဦး
ဆံနွယ်အနီလေးတွေနဲ့ ကြည့်ရတာ သိပ်ကြင်နာတတ်မယ့်ပုံပေါက်တဲ့ ဆရာဝန်ပဲ...

" ဟေး Park Jimin..  ဘာဖြစ်လာလို့လဲ? "

" ငါမဟုတ်ဘူး... ဒီကောင်လေး လက်မောင်းထိထားလို့ နည်းနည်းကြည့်ပေးဦး... "

ဘာလဲ... ဒဏ်ရာကို ကုပေးချင်လို့ ခေါ်လာပေးတာလား

ခင်ဗျားရဲ့စိတ်ကို မခန့်မှန်းတတ်ဘူး Park Jimin...

" အေး ဟုတ်ပြီ.. ဒါနဲ့ ဒီကောင်လေးက ဘယ်သူလဲ.. "

" ငါ့သက်တော်စောင့်အသစ်... အဖေလေ.. သူ့ကို ငါ့နားထားပြီး ငါ့အကြောင်းတွေ စုံစမ်းခိုင်းမှာ ငါမသိဘူးမှတ်နေတယ်... "

BODYGUARDWhere stories live. Discover now