#2

3.1K 319 44
                                    

Unicode

" Jimin.. အိမ်ပြန်သင့်ပြီထင်တယ်..."

" အင်းးး ပြန်ရမှာပေါ့ကွာ.... "

ခံစားချက်မဲ့နေတဲ့မျက်ဝန်းများက သိပ်ကို ဟန်ဆောင်ကောင်းလွန်းသည်

...............................

Clubကနေ ထွက်လာပြီး အနည်းငယ်လည်းမူးဝေနေသောကြောင့် ကားပေါ်မှာ မျက်ဝန်းများ မှိတ်ကာ လိုက်လာခဲ့လေသည်......

" အိမ်ရောက်ပါပြီ.. ဆင်းလို့ရပါပြီ... "

" NamJoonရာ... ငါတို့၂ယောက်ပဲရှိတဲ့အချိန်တော့ ပေါ့ပေါ့ပါးပါးပဲပြောပါကွာ... "

" ငါကလည်း အကျင့်ဖြစ်နေတာနဲ့... မင်းတစ်ယောက်ထဲဖြစ်ရဲ့လား? ငါလိုက်ခဲ့ပေးရမလား? မင်းအဖေနဲ့တော့ မင်း စကားများရဦးမယ်ထင်တယ်... "

" ရပါတယ်... မင်းပါ,ကြားထဲက စိတ်ရှုပ်နေရလိမ့်မယ်... အိမ်ကောင်းကောင်းပြန်... "

" အင်း... "

ကားပေါ်က ဆင်းလိုက်တာနဲ့....

" သခင်လေး ပြန်လာတာကို ကြိုဆိုပါတယ်.... "

အယောက် 20 မက,သော အိမ်ဖော်မိန်းကလေးများ၏ နှုတ်ဆက်သံများကြားတွင် လူက ပိုပြီး မူးဝေလာသလိုလို...

နားထင်နှစ်ဖက်ကို လက်ဖြင့် ခပ်ဆတ်ဆတ် ဖိနှိပ်ကာ အိမ်ထဲသို့ဝင်လာခဲ့သည်...

မှန်တွေကို အဓိကထားပြီး ဆောက်လုပ်ထားတဲ့ အိမ်တော်ဖြစ်သည့်အတွက် အတွင်းဧည့်ခန်းထဲတွင် အဖေဖြစ်သူ ထိုင်နေကြောင်း အိမ်ထဲသို့ လျှောက်လမ်းမှတစ်ဆင့်လျှောက်လာရင်း တွေ့လိုက်ရသည်...

သက်ပြင်းတစ်ချက် ချကာ စိတ်ကိုလျှော့လိုက်ပြီး အိမ်ထဲကို ဝင်လာလိုက်သည်...

အိမ်ထဲသို့ ဝင်,ဝင်ချင်း စာအုပ်နဲ့ မျက်နှာကို အပေါက်ခံလိုက်ရသဖြင့် နဖူးမှာ ရှိန်းကနဲဖြစ်သွားသော်လည်း မျက်နှာမပျက်ဘဲ...

" အိမ်ပြန်ရောက်ပါပြီ အဖေ... "

" ဘယ်လို မျက်နှာမျိုးနဲ့များ အိမ်ပြန်လာတာလဲ ဟမ်... မင်းကြောင့် ငါဘယ်လောက် နာမည်ပျက်ရလဲသိလား! မင်း companyရဲ့ CEOတစ်ယောက်လုပ်နေပြီး စောက်ချိုးက တစ်စက်မှ မပြေဘူး အခုလည်း မိန်းမတစ်ယောက်နဲ့ အတူတူရှိနေတယ်ဆိုပြီး mediaပေါ်ပါလာတယ်... မင်း နာမည်ပျက်တာ အရေးမကြီးဘူး ငါနာမည်ပျက်ရင် မင်းဘယ်လ်ိုလုပ်မလဲဟမ်... "

BODYGUARDTempat cerita menjadi hidup. Temukan sekarang