Beauty and the Beast-2

3.3K 337 4
                                    


<zawgyi>

Beauty and the Beast
ch-2 (yaoi fiction)

''မင်းက ဘယ်သူ့ကို ချစ်မိနေလို့လဲ...''

Nickyရဲ့အမေးကို Thormasဘာပြန်ဖြေရမယ်မှန်း
မသိသေး...

''မင်း...ကြားသွားတာလား''
Thormasရဲ့ကြောင်,အအအမေးကို Nicky ခေါင်းရမ်းပြရင်း...

''မကြား...လို့''

ပြောနေရင်း ထိုင်ရက်နဲ့တင် ကန်ထဲကျမလို ယိုင်သွားတော့ Thormas လှမ်းဆွဲရသေးတယ်

''မကြားလို့...မင်းကိုမေးနေတာပေါ့...''

မကြားဘူးတဲ့...
ဘယ်လိုပဲဖြစ်ဖြစ် တော်သေးတာပေါ့

''ပြောစမ်းပါ...ဘယ်သူလဲ''

မျက်လုံးကို မနည်းရအောင်ဖွင့်ပြီး ယိုင်တိုင်တိုင်နဲ့
မေးနေတဲ့ Nickyရဲ့ ပုံစံလေးကို မရယ်မိအောင်
Thormasမနည်းထိန်းရင်းနဲ့...

''မဟုတ်ပါဘူးကွာ...ဒီအတိုင်းပါပဲ''

''ပြောစမ်းပါကွာ...ငါ့သူငယ်ချင်း စာကြမ်းပိုး...
ဘယ်ကောင်မလေးကို...ကြိုက်လဲ...ငါ... လိုက်ပြောပေးမယ်''

ကောင်မလေးတဲ့...လိုက်တောင်မှ ပြောပေးဦးမယ်...

''ငါ ဘယ်ကောင်မလေးမှ မကြိုက်ဘူး...''
မင်းက ကောင်မလေးမှမဟုတ်တာ...

''ဘာလဲ...မနောက်နဲ့...မင်းက ယောကျာ်းလေးတွေကို ကြိုက်လို့လား''

Thormas သက်ပြင်းချပြီး ခေါင်းခါမိလိုက်တယ်
''ဟင့်အင်း...ငါယောကျာ်းလေးတွေ မကြိုက်ပါဘူး''
မင်းကလွဲရင်ပေါ့...

''ရှိရင်...ပြောပြစမ်းပါ...အချင်း...ချင်းတွေ''

''အင်း...မင်း ညိမ်ညိမ်နေတော့''
Thormasတခွန်းပြောလိုက်...ယိုင်လိုက်ဖြစ်နေတဲ့
Nickyကို ပခုံးပေါ်ပြန်မှီခိုင်းလိုက်တယ်

''အချစ်ဆိုတာ...တကယ်မရှိဘူးကွ''

ညိမ်နေရာကနေ ရုတ်တရက်ထပြောလိုက်တဲ့
Nickyကြောင့် Thormasလှည့်ကြည့်မိတယ်

''မင်းစဉ်းစားကြည့်လေ...Snow Whiteတို့...
Cindrellaတို့ဆိုတာက...စိတ်ကူးယဉ် ထားတာတွေ...''

''အင်း...''

ဟုတ်လောက်မှာပေါ့လေ...
အပြင်လောကမှာ ချစ်နေရုံနဲ့မှ မပြီးတာ...
ဒါပေမယ့်လည်း ချစ်နေမိတာပဲလေ

Beauty and the BeastWhere stories live. Discover now