Beauty and the Beast-5

2.5K 271 5
                                    

<zawgyi>

Beauty and the Beast
ch-5 (yaoi fiction)

''တင်...တောင်...''

တံခါးပေါ်က ဘဲလ်ခလုတ်ကလေးကို နှိပ်လိုက်တော့
ထွက်လာတဲ့ ခြေသံတစ်ခုနဲ့အတူ ဖွင့်လိုက်တဲ့ တံခါးတစ်ခု...

''Klara...''
တံခါးဖွင့်လိုက်တဲ့ ကောင်မလေးကို Nicky ပန်းစည်းမြှောက်ပြလိုက်တယ်

''တဆိတ်လောက်... Klaraနဲ့ တွေ့ချင်လို့လား''
ဆံပင်ရွှေရောင်နဲ့ ကောင်မလေးကမေးလာတော့ Nicky ပန်းစည်းကို ပြန်ချပြီး ကြည့်လိုက်မိတယ်

ဟင်...!!
သေချာမကြည့်မိတာနဲ့ လူမှားသွားပြီ
Nickyလည်း မျက်နှာပူပူနဲ့ ချောင်းဟန့်လိုက်ပြီး
''ဟုတ်ပါတယ်...Klaraနဲ့တွေ့ချင်လို့ပါ...''

''Klara ဒီမှာ မရှိတော့ပါဘူး...''

''ဆုံးသွားလို့လား''

''ဘာရှင့်...''

အာ...
ဒီပါးစပ်ဆိုတာကလည်း...
Nickyရေ...ကိုယ့်စိတ်ကို ကိုယ်ထိန်းစမ်းဟ

ပျက်သွားတဲ့ စော်ကိုလှည့်ကြည့်မိတာမျိုးက သမိုင်းမှာရှိမယ် မထင်ထားပေမယ့် အခုတော့ ရှိနေပြီမဟုတ်လား...
ပြေပြေလည်လည်လေး ပြောစမ်းပါ...

''သြ...မဟုတ်ပါဘူး။သူ ဘယ်များသွားနေလို့လဲလို့ပါ''

''သူ့ခင်ပွန်းနဲ့ ဟန်းနီးမွန်းထွက်သွားတယ်''

''ဘာ...''

''အင်း... ရှင်နောက်ကျသွားတာပေါ့''

''ဘာကို...''

ရှေ့မှာ 'ဂျိမ်း'ခနဲ ပိတ်သွားတဲ့ တံခါးကိုကြည့်ပြီး Nickyဘာပြောရမလဲမသိ...
နေပါဦး...
အခု အချေခံလိုက်ရတာလား

ငါကွာ...

ကိုယ်က Klaraကို မရရင်သေမှာကြနေတာပဲ
သူ့သူငယ်ချင်းပုံပေါ်တဲ့တစ်ယောက်ကလည်း ကိုယ့်ကို ဘာများထင်နေလို့လဲမသိ...

အခုလောလောဆယ်ကတော့ အတော်တင်းနေတာ
ဘယ်နှယ့်...
တစ်သက်မှာ ဒီတစ်ခါပထမဆုံး အချေခံရတာပဲ...

စိတ်တိုတိုနဲ့ပြန်ထွက်လာခဲ့ပြီး အိမ်ရှေ့ကခုံတန်းမှာ တစ်နေရာကို ငေးနေပုံပေါ်တဲ့Thormasရဲ့ ဘေးဝင်ထိုင်လိုက်တယ်

Beauty and the BeastWhere stories live. Discover now