Beauty and the Beast-7

2K 248 2
                                    

<zawgyi>

Beauty and the Beast
ch-7 (yaoi fiction)

မျက်နှာသစ်ပြီးတော့ Nicky အိပ်ခန်းထဲ ပြန်ဝင်လာခဲ့တယ်

လက်နှစ်ဖက်ကတော့ နှင်းဆီဖြူတက်တူးတွေနဲ့
ပြည့်နေပြီ...
အချစ်ဆိုတာ တကယ်ရှိလို့လား
သူ အခုချိန်ထိ မယုံကြည်နိုင်သေး...
တစ်ခါမှ မတွေ့ခဲ့ဖူးလို့များဖြစ်မလား

သက်ပြင်းချပြီး လက်တွေကိုငုံ့ကြည့်နေမိရာက အခန်းဆီသာ လျှောက်လာခဲ့တယ်

ရောက်နေတာက ဟိုတယ်မှာပါ...
အခန်းလွတ်က သုံးခန်းပဲကျန်တော့တယ်
ဒါတောင် နှစ်ယောက်အိပ်ကုတင်တစ်လုံးရှိတဲ့
နှစ်ခန်းထဲက တစ်ခန်းကိုငှါးမိတော့မလို့...

တစ်ယောက်အိပ်ကုတင်နှစ်လုံးပါတဲ့အခန်းနဲ့
မနည်းပြန်လဲရတယ်
တော်ကြာ...တမျိုးတွေထင်ကုန်မှဖြင့်...

ရေချိုးခန်းထဲကနေ အခန်းဆီပြန်လာတော့
ပထမဆုံးကြားရတာက dryerအသံ...
အိပ်ခန်းတံခါးကိုဖွင့်လိုက်တော့ ထင်တဲ့အတိုင်းပဲ
Thormasဆံပင်ကို dryerနဲ့မှုတ်နေတာ

တွေ့တဲ့စတိုးဆိုင်က ဝယ်ဝတ်ထားတဲ့ တီရှပ်နဲ့
ဂျင်းဘောင်းင်္ဘီနဲ့တောင် Thormasက အတော်ကြည့်ကောင်းနေတယ်

ဘာမှမပြင်ဆင်ရဘဲ ဒီအတိုင်းနေရင်းနဲ့ ယောကျာ်းပီသလွန်းတဲ့Thormasကို Nicky
တစ်ခါတလေ မနာလိုမိတာတော့ အမှန်ပါ
ဒါပေမယ့် Thormasက သူ့အပေါ်အရမ်း ဂရုစိုက်လွန်းတယ်

သူကလည်း အားနာမိတယ်ဆိုတာထက် နိုင်ပြီးရင်း
နိုင်နေမိတာ အကျင့်ဖြစ်နေပြီ
Thormasကို မနိုင်ရရင်တောင် နေနိုင်ပါတော့မလား

Nicky Thormasကို ငေးနေမိသေးတယ်
dryerရဲ့လေကြောင့် နီညိုရောင်ဆံပင်တွေက
ဝဲပျံလို့...

အင်...
ငါက ဘာလို့လိုက်ကြည့်နေမိတာလဲ

သြ...
ဘာဖြစ်လဲ...
သူတွေ့တာမှမဟုတ်တာ
မျက်လုံးမှိတ်ထားတာပဲဟာကို

နဖူးပြင်ကျယ်ကျယ်...
ကြည့်ကောင်းသော မေးရိုးနဲ့
သူ့ထက် တောင့်တင်းတဲ့ခန္ဓာကိုယ်...
ဘယ်လိုဖြစ်လို့ ဒီရုပ်င်္ဒီရည်နဲ့ ခုထိရည်းစားမရသေး
တာပါလိမ့်

Beauty and the BeastWhere stories live. Discover now