Beauty and the Beast-17

1.7K 237 20
                                    

<zawgyi>

Beauty and the Beast
ch-17 (yaoi fiction)

ပြေးဝင်လာတဲ့ အလင်းတန်းလေးတွေနဲ့အတူ လေပြေလေးတွေက မျက်နှာကို တဖြည်းဖြည်းနဲ့ပွတ်သပ်ဆော့ကစားနေတယ်။

မနက်တောင် ရောက်လာပြီ…
သူ တစ်ညလုံးမအိပ်ရသေးဘူးပဲ။
ကိစ္စမရှိပါဘူးလေ…
ဘယ်လိုပဲဖြစ်ဖြစ်ပါ…သူက အိပ်ရေးပျက်တာနဲ့ နေသားကျနေပြီးသားပဲဟာ။

ဟိုးအရင်ကတည်းက…Nicky Partyတွေကနေကနေပြန်မလာသေးရင် ဘေးခန်းကအသံကို
အဓိပ္ပာယ်မရှိ ခိုးနားထောင်နေမိရင်းနဲ့ပေါ့။

''ဟက်…''
ပြန်တွေးကြည့်တော့လည်း ကိုယ့်ကိုကိုယ် လှောင်ချင်လာမိပြန်ကော။

Thormasဆိုတာ ကမ္ဘာပေါ်မှာ အရယ်ရဆုံးလူသားများလား?!
ရယ်စရာကောင်းနေခဲ့တာ ဘယ်လောက်တောင်ကြာနေပြီများလဲ? ဘယ်နှစ်ရက်…ဘယ်နှစ်လ…ဘယ်နှစ်,နှစ်လဲ?

ဘာမှ…ပြောင်းလဲသွားမှာ မဟုတ်ဘဲနဲ့များ…

Nickyရဲ့စကားကို ပြန်ကြားယောင်မိခ်ျိန်မှာတော့ ကားမှတ်တိုင်တောင်မှ ရောက်နေခဲ့ပြီ။

ဟုတ်တယ်…
ဘာမှပြောင်းလဲလာမှာမဟုတ်ရင်တော့ သူ့ရဲ့ဟာသတွေကို သိမ်းထားလိုက်သင့်ပြီပဲ။
စွန့်ပစ်တာ…ရပ်လိုက်တာမျိုး မဟုတ်ဘဲ သူနဲ့အတူသိမ်းပြီး ထွက်သွားလိုက်တာမျိုးပေါ့။
ဒါက အကောင်းဆုံးနည်းလမ်းဖြစ်လောက်မှာပါ…

မနက်ရဲ့ အစောဆုံးဘက်စ်ကား ရှေ့မှာလာရပ်တော့ Thormasလိုက်စီးဖြစ်ခဲ့တယ်။
ဒါပေမယ့် တိုက်ခန်းဆီကိုတော့ မပြန်ဖြစ်…
သူ venus's lakeဆီကို လာခဲ့မိတယ်။

အကုန်လုံးက ဒီရေကန်လေးဆီမှာ အစပြုခဲ့တာမဟုတ်လား?
Nickyရဲ့တက်တူးတွေ…
အကြာကြီးမဟုတ်ပေမယ့်လည်း နှစ်ယောက်တည်း အတူရှိခွင့်ရခဲ့တာတွေ…
သူ့မျက်နှာက ဒဏ်ရာတွေအဆုံး…အားလုံးရဲ့ အစပေါ့။

သူ ဒီနေရာဆီကို ရောက်လာခဲ့ပြန်ပြီ…။

ဒီတစ်ခါကော… သူ ဘာရည်ရွယ်ချက်နဲ့ ရောက်လာခဲ့ပြန်ရတာလဲ?

ပထမဆုံးအခေါက်က မူးနေတဲ့Nickyကို ဘက်စ်ကားမှတ်တိုင်က ထိုင်ခုံကျဲကျဲတွေမှာထိုင်စောင့်ခိုင်းရင် ပြုတ်ကျမှာစိုးရိမ်လို့…။
ဒုတိယတခေါက်…Nickyလက်မှာ Tatooတွေပေါ်လာလို့…။
တတိယအခေါက်…
သူ့ကိုယ်သူ အကူညီပေးနိုင်မယ်လို့ ထင်ခဲ့မိလို့။

Beauty and the BeastWhere stories live. Discover now