အိမ်မက်အပြင်ဘက်ရဲ့ပထမဆုံးသော တွေ့ဆုံခြင်း

1.3K 62 3
                                    

°°EXO L ရဲ့နှလုံးသားတစ်စွန်းတစ်စ°°

episode.1

••ဒီမှာ...ဒီမှာ သတိထားဦးလေ...ဒုက္ခပါပဲ...ဘာလို့များလမ်းမမှာလဲကျနေတာလဲ...မဖြစ်ဘူး...ဆေးရုံပို့မှထင်ပါတယ်...••

မနက်ခင်းလေးနာရီခန့်...နှင်းထုတွေနဲ့...မှောင်ရီဝိုးတဝါးအချိန်မို့...ထိုလူရဲ့မျက်နှာအသွင်အပြင်ကိုတောင် မခန့်မှန်းတတ်ပါ...သို့သော် ဆရာဝန်တစ်ယောက်ရဲ့ စိတ်ဓါတ်က အမြဲရှိနေသည်မို့...လုံးဝသတိလက်လွတ်ဖြစ်နေသော...လူနာအား မနိုင့်တနိုင်ဖြင့် တရွတ်တိုက်ဆွဲခေါ်ကာ ကားထဲကိုထည့်...အမြန်ဆုံးနဲ့အနီးစပ်ဆုံး ဆေးရုံရောက်အောင်...မောင်းမှရတော့မည်...

••ငါ့ရဲ့ အားလပ်ချိန်ချို ချို လေးတွေတော့ ပဲ့ကုန်ပါပြီ...မတတ်နိုင်ဘူးလေ...လူနာအသက်ထက်အရေးကြီးတာ ဘာရှိမှာလဲ...••

သွေးတွေလဲ လွန်နေမည်ထင်ရသော သူ့အား ကားမောင်းနေရင်း တစ်ချက်တစ်ချက်လှည့်ကြည့်မိသေး...
ရောက်နေသည်က ဆေးရုံနဲ့အလှမ်းဝေးတဲ့ ပင်လယ်ကမ်းခြေမို့...အချိန်ကကြာဦးမည်ထင်သည်...ဒီလူနာ အဆင်ပြေပါ့မလား...

မနက်ခင်းအလင်းက ခပ်ပါးပါးဝင်လာတာကြောင့်ရော...ကားထဲမှ မီးရောင်ကြောင့်ရော...လူနာမျက်နှာအား မြင်ဖူးသလိုလိုရှိနေ၍ သေချာကြည့်မိသောအခါဝယ်...

••...ကျွီ...••

ကားဘရိတ်ကို ခပ်ပြင်းပြင်းဆောင့်နင်းမိလိုက်သည်အထိ...
တစ်ကိုယ်လုံးရှိ သွေးကြောတွေပင် ပြောင်းပြန်လည်ကုန်သလားမသိ....

••...Baek...Baekhyun မဟုတ်လား...••

သွေးစေးတွေပေနေသော နဖူးပေါ်ဝဲကျနေသည့်ဆံနွယ်တွေကို အသာသပ်တင်ရင်း သက်သေယူလိုက်မိသောအခါ...
ပါးစပ်ကို လက်ဖြင့်အုပ်လိုက်မိသည်အထိ တုန်လှုပ်မိသွားသည်...

••...သူ...သူက ဘာလို့ဒီကို...ပြီးတော့...ဘာလို့ ဒီလိုဒဏ်ရာတွေရှိနေတာလဲ...ဘာတွေဖြစ်ခဲ့တာလဲ...••

သူက ဒီလိုနေရာမျိုးမှာ ဒီလိုပုံစံနဲ့ရှိနေသင့်တဲ့သူမှ မဟုတ်တာ...ဘာလို့များ...

••...ငါတွေဝေနေလို့မရဘူး...အသက်ကယ်မှရမယ်...Baekhyun ခဏလေးပဲတောင့်ခံထားပါ...ခဏလေး...ရှင်ဘာမှမဖြစ်စေရဘူး...••

EXO L ရဲ့နှလုံးသားတစ်စွန်းတစ်စWhere stories live. Discover now